အဆိပ်သင့် မြစ်နံဘေးက အသံများ
ရှင်ငြိမ်း၊ ဒေဝီ စုစည်းတင်ဆက်သည်။ ကရင်နီပြည်နယ်(ကယားပြည်နယ်)ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်တစိတ်တပိုင်းနဲ့ မိုလိုချောင်းက ရေနမူနာတွေမှာ အာဆင်းနစ် (Arsenic)အဆိပ်သင့်မှုပမာဏ အဆမတန်မြင့်မားနေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေတွေကို ထိတွေ့ကိုင်တွယ်မိရင် သန့်စင်တဲ့ရေနဲ့ ပြန်လည်ဆေးကြောဖို့နဲ့ သံလွင်မြစ်ထဲမှာရှိတဲ့ ရေနေသတ္တဝါတွေ ချက်ပြုတ်စားသောက်တာတွေမပြုလုပ်ဖို့၊ စားသောက်လိုတယ်ဆိုရင် ဦးခေါင်းနဲ့ အတွင်းကလီစာတွေ မစားသောက်ဖို့နဲ့ မိုလိုချောင်းမှ ဘယ်လိုရေနေသတ္တဝါမဆို လုံးဝစားသောက်တာတွေမလုပ်ဖို့လည်း IEC က သတိပေး ထားပါတယ်။ အာဆင်းနစ်အဆိပ်သင့်ရေ သောက်သုံးတာ၊ ထိတွေ့သုံးစွဲတာတွေကြောင့် ရေတိုမှာ မူးဝေတာ၊ ပျို့အန်တာ၊ ဗိုက်နာတာ ဝမ်းလျောတာနဲ့ ကြွက်တက်တာတွေခံစားစေနိုင်ပြီး ရေရှည်မှာ အသည်း၊ အဆုတ်၊ ဆီးအိမ်နဲ့ အရေပြားကင်ဆာ၊ နှလုံး ရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာရောဂါတွေကြောင့် […]


