မကုစားနိုင်သည့်ဒါဏ်ရာများနှင့် ပန်လုံကျေးရွာ
ပတ်ပတ်လည်တွင် တောင်ကုန်းများဝန်းရံထားသည့် ရွာကလေးထဲမှ အုတ်ဖြင့် အခိုင်အမာဆောက်လုပ်ထားသည့် အိမ်များတွင် ကျည်ဆံထိမှန်ထားသည့် ပွန်းပဲ့ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။
This author has not written his bio yet.
But we are proud to say that Nang Seng Nom contributed 33 entries already.
ပတ်ပတ်လည်တွင် တောင်ကုန်းများဝန်းရံထားသည့် ရွာကလေးထဲမှ အုတ်ဖြင့် အခိုင်အမာဆောက်လုပ်ထားသည့် အိမ်များတွင် ကျည်ဆံထိမှန်ထားသည့် ပွန်းပဲ့ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။
နန်းဆိုင်နွမ်။ ။ “ ငါမရတော့ဘူး။ ငါ့ကိုထားခဲ့တော့ ” ထိုစကားသည် အသက် (၆၀)အရွယ် ဒေါ်မာလွတ်၏ နောက်ဆုံးထွက်သက်စကားဖြစ် သည်။ ဒေါ်မာလွတ်သည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့က ရှမ်းပြည် နယ်၊ မိန်ပိန်းကျေးရွာတွင် အခြားအဘွား(၉)ယောက်နှင့်အတူ တောင်ယာစပါးသွားစုပြီး အိမ်အပြန် လမ်းခရီးတွင် မထင်မှတ်ဘဲ ကံဆိုးမိုးမှောင်ကျခဲ့ခြင်းဖြစ်သည်။ အိမ်သို့ပြန်ရာလမ်းတွင် တိုင်းရင်းသားလက်နက်ကိုင်တစုနှင့် ထိပ်တိုက်တိုးခဲ့သည့်အခါ “ငါတို့ကို မပစ်နဲ့၊ မပစ်ပါနဲ့။ ငါတို့က ပြည်သူလူထုတွေပဲ။ တောင်ယာက ပြန်လာတာ” ဟု ရှမ်းဘာသာစကားဖြင့် အော်ဟစ်ပြောဆိုခဲ့ကြသည်။ သို့သော် တဖက်မှ သေနတ်ဖြင့် တုန့်ပြန်မှုကြောင့် ဒေါ်မာလွတ်ကို ကျည်ဆံထိမှန်ခဲ့ပြီး “ငါမရတော့ဘူး။ ငါ့ကိုထားခဲ့ ” ဟူသည့်စကားဖြင့် ထိုနေရာတွင် လဲကျကျန်နေခဲ့သည်။ ဒေါ်မာလွတ်သည် အသက်(၆၀)အရွယ် အမျိုးသမီးကြီးဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း၊ […]
နန်းဆိုင်နွမ်။ ။ “ တို့အိမ်မှာ၊ တို့အလုပ်မှာ၊ အကြမ်းဖက်မှုတွေ မလိုပါ” “In Our Home, In our Work, We don’t need to Violence ” ဆိုသည့် ဆောင်ပုဒ်များကိုင်ဆောင်ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အမျိုးသမီးများ ချီတက်ကြွေး ကြော်ခဲ့ကြသည်။ မတ်လ(၈)ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အမျိုးသမီးများနှင့် အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူများက ထိုသို့ချီတက်ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမများအတွက် မည်သည့်နေရာမဆို အကြမ်းဖက်မှုများ မပြုလုပ်ရန်နှင့် အမျိုးသမီးများ ဘေး ကင်းလုံခြုံစွာ အလုပ်လုပ်နိုင်ရန် ယခုနှစ် မတ်လ(၈)ရက်နေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမများက တောင်းဆို သည်။ “ အမျိုးသမီးတွေက အိမ်မှာနေရင်လည်း အိမ်တွင်းအကြမ်းဖက်မှုတွေ ခံစားရတယ်။ တချို့က မသိသာပေမယ့် […]

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။