ရန်ကုန်မြို့မြင်ကွင်းနှင့်အတူ အမျိုးသမီးများ၏ လုံခြုံရေးစိုးရိမ်မှုများကို တင်ဆက်ထားသည့် Honest Information Podcast Thumbnail

အကြောင်းအရာပေါင်းစုံနဲ့ မလုံခြုံတော့တဲ့ ရန်ကုန်ကအမျိုးသမီးတွေ

စစ်အာဏာသိမ်းထားတဲ့ ၅ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံက ပြည်သူတွေဟာ စစ်ဘေးဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးပြီး ဒုက္ခပင်လယ်ဝေနေကြသလို ဘယ်မှာနေနေ မလုံခြုံတော့ပါဘူး။

စစ်တပ်ရဲ့ပေါ်တာဆွဲတဲ့ရန်ကတမျိုး၊ တိုင်းပြည်ဆင်းရဲနုံချာလာလို့ ခိုးဆိုးလုနှိုက်ရန်ကတဖုံ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။ အဲဒီထဲမှာ ရန်ကုန်ကအမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

ဒီတပတ် ပေါ့ကတ်စ်အစီအစဉ်မှာတော့ “ရန်ကုန်မှာ ညနေစောင်း ပေါ်တာဆွဲဖို့ကြိုးပမ်းခံရပေမယ့် လွတ်မြောက် လာခဲ့တဲ့ အမျိုးသမီး၊ နေ့ခင်းကြောင်တောင် ရပ်ကွက်အတွင်း လုယက်ခံတဲ့ အမျိုးသမီးနဲ့ ဒီလိုမလုံခြုံမှုတွေ ကြောင့် နေ့စဉ်အလုပ်သွားနေရတဲ့သမီးဖြစ်သူအတွက် စိုးရိမ်ပူပင်နေရတဲ့ မိခင်တဦးတို့ရဲ့ အသံ”တွေကို နားဆင်ရမှာဖြစ်ပါတယ်။

ဓာတ်ပုံ/ဗီဒီယို – Social Media