CRSV ကို ဘာကြောင့် စစ်လက်နက်လို့ ခေါ်တာလဲ
မှတ်သားစရာ အသိပညာအစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ “CRSV ကို ဘာကြောင့် စစ်လက်နက်လို့ ခေါ်တာလဲ” ဆိုတာနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေနေတွေကို တူတူဆွေးနွေးကြည့်ရအောင်နော်။
မြန်မာနိုင်ငံမှာ CRSV ဟာ အခုမှ ရုတ်တရက် ဖြစ်လာတာ မဟုတ်ပါဘူး။ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပဋိပက္ခတွေထဲမှာ မြန်မာစစ်တပ်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို နည်းဗျူဟာမြောက် စစ်လက်နက်တစ်ခုလို စနစ်တကျ အသုံးပြုခဲ့တာပါ။











