Women garment factory workers wearing pink headscarves sewing at machines in a Myanmar textile factory, podcast cover image

အထည်ချုပ်စက်ရုံတွေပိတ်သိမ်းလိုက်တဲ့အခါမြန်မာအလုပ်သမတွေရင်ဆိုင်နေရတဲ့အရာတွေ

“​တော်တော်ခက်ခဲ​နေတယ်။ အခု​တော့စဥ်းစား​နေတယ် ဘာလုပ်ရမှန်းမသိဘူး လမ်း​ပျောက်​နေတယ်​ပေါ့​နော်။ ငါးရုံ​လောက်ရှိပြီ​လျှောက်တာ။​အဲဒီလိုအဆင်မ​ပြေဘူးဖြစ်​နေတယ်။နှစ်ဆယ်​တောင်​ကျော်​လောက်ပြီချုပ်လာတဲ့သက်တမ်းက။ ကျွန်မတို့ကျွမ်းကျင်တဲ့အလုပ်ကဒီအလုပ်ပဲရှိတာ​လေ။”

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာနဲ့ ကုန်ကြမ်းရှားပါးလာတာတွေကြောင့် မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေ တဖြည်းဖြည်း ပိတ်သိမ်းလာပါတယ်။ စက်ရုံပိတ်သိမ်းမှုတွေကြောင့် အမျိုးသမီးအများစုပါဝင်တဲ့ အထည်ချုပ်လုပ်သား ထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။

ဒီတပတ်မှာတော့ စက်ရုံလုပ်သက် နှစ် ၂၀ နီးပါးရှိပေမယ့် အလုပ်ပြန်မရသေးတဲ့ အထည်ချုပ်လုပ်သားအမျိုးသမီးတဦးနဲ့ စက်ရုံပိတ်သိမ်းသွားပြီးနောက် နီးစပ်ရာစက်ရုံမှာ ရရာအလုပ်လုပ်ရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ အိမ်ထောင်ဦးစီးအမျိုးသမီးတဦးတို့ရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာပါ။

ဒါ့အပြင် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ရဲ့ သုံးသပ်ချက်ကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။