Honest Information ဂျဲန်ဒါအစီအစဉ် တင်ဆက်သူက "မိန်းမနိုင်သူကြီး" ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်နေသည့် thumbnail

မိန်းမနိုင်သူကြီး

“အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်တယ်” ဆိုတဲ့  အကြမ်းဖက်တာကို အချစ်ဆိုတာနဲ့ မဆီမဆိုင် အတင်း ဆက်စပ်ထားတဲ့ ဆိုရိုးစကား၊ စကား ပုံတွေက အင်မတန်မှ အန္တရာယ်ရှိတဲ့ ဆိုရိုးစကားအမျိုးအစားထဲမှာ ပါဝင်နေတယ်ဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။

ဒီတပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “မိန်းမနိုင်သူကြီး”ဆိုတဲ့ ဟာသ ဇာတ်လမ်းတိုကို ဂျဲန်ဒါရှုထောင့်ကနေမှ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။