တောက်တီး တောက်တဲ့” သီချင်းကို ဂျဲန်ဒါရှုထောင့်က သုံးသပ်ချက်
အမျိုးသမီးတွေပဲ အတင်းအဖျင်းပြောတတ်တယ်ဆိုတာ သေချာရဲ့လား?
ဒီလိုပုံဖော်မှုတွေက “အမျိုးသမီးဆိုရင် စကားများတယ်၊ အတင်းပြောတတ်တယ်” ဆိုတဲ့ ရှေးရိုးစွဲ ဂျဲန်ဒါပုံစံ ခွက်ကို ပိုမိုခိုင်မာအောင် တွန်းပို့နေပါတယ်။ အဲဒီအယူအဆကြောင့်ဘဲ အမျိုးသမီးတွေ ပြောဆို ဆွေးနွေးတဲ့အခါ “အာကျယ်တယ်”၊ “စကားများတယ်” လို့ အလွယ်သတ်မှတ်ပြီး သူတို့ရဲ့ အသံနဲ့ အမြင်တွေ ကို မလေးစားတာ၊ အလေးအနက်မထားတာတွေ ဖြစ်လာပါတယ်။
ဒီတပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ အဆိုတော် ချမ်းမြေ့အောင်နဲ့ ဇင်မာအေးတို့ သီဆိုထားတဲ့ “တောက်တီး တောက်တဲ့” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။











