စစ်အုပ်ချုပ်မှုအောက်က LGBTIQ+အသိုက်အဝန်းရဲ့အတွေ့အကြုံကြံ့ကြံ့ခိုင်နိုင်စွမ်းနဲ့မျှော်လင့်ချက်တွေ
“LGBTတွေအတွက်လုံခြုံပြီးပါဝင်ခွင့်ရှိဖို့ဆိုအရင်ဆုံးပုဒ်မ၃၇၇ပယ်ဖျက်ဖို့လိုပါတယ်။ ဒါကဟိုးကိုလိုနီခေတ်ကတည်းကရှိတဲ့အသုံးမဝင်တဲ့ဥပဒေတခုဆိုတာကိုနားလည်ရမယ်။”
နှစ်စဉ်ဇွန်လဟာ “လိင်စိတ်ခံယူမှုကွဲပြားသူ(LGBTIQ+) ရဲ့အထိမ်းအမှတ်လ Pride Month ဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ဂုဏ်သိက္ခာ၊စုံလင်ကွဲပြားမှု၊ဖြစ်တည်မှုတွေကြောင့်ကြုံတွေ့ရတဲ့အခက်အခဲတွေအပေါ်ကြံ့ခိုင်စွာဖြတ်ကျော်နေမှုတွေကိုအားပေးဂုဏ်ပြုကြတဲ့လပဲဖြစ်ပါတယ်။
ဒီတပတ်ပေါ့ကတ်စ်အစီအစဉ်မှာတော့ မြန်မာနိုင်ငံအတွင်းကလိင်စိတ်ခံယူမှုကွဲပြားသူတွေဟာစစ်အုပ်ချုပ်မှုအောက်မှာတရားမဲ့ဖမ်းဆီးခံရတာ၊နှိပ်စက်ခံရတာ၊လိင်ပိုင်းဆိုင်ရာစော်ကားပြုကျင့်ခံရတာ၊နေရပ်စွန့်ခွါရတာတွေနဲ့အသက်အိုးအိမ်ဆုံးရှုံးမှုတွေကြုံတွေ့နေရတဲ့အပေါ် LGBTIQ+ အရေးလုပ်ဆောင်နေသူတွေရဲ့အမှတ်တရစကားသံကိုဖော်ပြလိုက်ပါတယ်။











