The Long Goodbye

🟧 အမျိုးမျိုးသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူများသည်  ရုပ်နှင့် စိတ်ပိုင်းဆိုင်ရာကြီးမားစွာ ထိခိုက်ခဲ့ရပြီး စိတ်ဒဏ်ရာများစွာဖြင့် ဘဝရှင်သန်ရေးကို ခက်ခက်ခဲခဲရုန်းကန်နေကြရသည်။ 

မိမိတို့လူ့အဖွဲ့အစည်းအနေဖြင့် ရှင်သန်လွတ်မြောက်လာသူများနှင့် အတူရပ်တည်ပြီး ကျူးလွန်သူများကို ဥပဒေအရ အပြစ်ပေးအရေးယူနိုင်သော တရားဥပဒေ စိုးမိုးရေးကို အောက်ခြေမှစ၍ နေရာတိုင်းတွင် အလေးထားလုပ်ဆောင်ရမည်ဖြစ်ပြီး ရှင်သန်လွတ်မြောက်လာသူများအတွက် လူမှုတရားမျှတမှုဖော်ဆောင်ပေးရန် မလွဲမသေလိုအပ်နေသည်။