မဂျိုးကို ဘယ်လိုပြောရပါ့
အမျိုးသမီးတွေကို အရာဝတ္တုသဖွယ် သဘောထားကြပြီး ဒီလို ကျူးလွန်မှုတွေမှာ ကိုယ့်ဘဝနဲ့ ကိုယ့်ခန္ဓာကို အမျိုးသမီးကိုယ်တိုင်သာ ပိုင်ရှင်အဖြစ် ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာကို မျက်ကွယ်ပြုလို့ ကျူးလွန်သူအမျိုးသားနဲ့ မိသားစုတွေက ဝင်ရောက်စီမံခန့်ခွဲလို့ရတယ် ဆိုတဲ့ ဖိုဝါဒကြီးစိုးတဲ့အတွေးအခေါ်၊ အယူအဆ၊ အကျင့်အကြံနဲ့ စနစ်ကို ထင်ထင်ရှားရှားတွေ့ရပါတယ်။
ဒီတပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ် မှာတော့ “မဂျိုးကို ဘယ်လိုပြောရပါ့” ဆိုတဲ့ ဇာတ်လမ်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။










