မိန်းမ မှန်ရင် ငွေကြိုက်ရမယ် – သမီးရှင်သီချင်းကို ဂျဲန်ဒါရှုထောင့်က သုံးသပ်ချက်

“မိန်းမ မှန်ရင် ငွေကြိုက်ရမယ်၊ ရွှေကြိုက်ရမယ်ဆိုတဲ့ အယူအဆတွေက ဖျောက်ဖျက်ရမဲ့ ရှေးရိုးစွဲ ဂျဲန်ဒါပုံစံ သတ်မှတ် ချက်တွေဖြစ်ပါတယ်။  တကယ်တမ်းတော့ အမျိုးသမီးတိုင်းက ငွေကြေးနဲ့ ဂုဏ်ပကာသနကိုဘဲ အဓိကထား ကြတာ မဟုတ်တဲ့အတွက် ခုလို လွဲမှားတဲ့ ပုံဖော်မှုတွေက အပြင်လူမှုဘဝတွေမှာ အတွေးအခေါ် အမှားတွေကို အစဥ်အဆက်လက်ဆင့်ကမ်းမိနေမှာကို သတိပြုရမှာ ဖြစ်ပါတယ်။”

ဒီတစ်ပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ အဆိုတော် ဗျူဟာသီဆိုထားတဲ့ ဆိုတဲ့ “သမီးရှင်” သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေး ပေးသွားမှာပဲ ဖြစ်ပါတယ်။