သြော် မိန်းမ – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
ဒီလိုအာဏာမညီမျှမှုတွေကြောင့်ဘဲ အမျိုးသားတွေက အိမ်ထောင်ကျပြီးရင် အမျိုးသမီးတွေကို ဂရုစိုက်စရာ မလိုတော့ဘူး၊ သူ တို့ဘယ်လိုပဲနေနေ အမျိုးသမီးတွေက သည်းခံရမှာပဲလို့ တွေးတတ်ကြပါတယ်။ “မိထားပြီးသားငါးကို တီကောင်ဆက်ကျွေးစရာမလိုဘူး”ဆိုပြီး အမျိုးသားအချင်းချင်း စနောက်သလိုနဲ့ ပြောလေ့ပြောထ တောင် ရှိကြပါတယ်။
ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ မေဆွိ သီဆိုထားတဲ့ “သြော် မိန်းမ”ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးထားပါတယ်။







