မိန်းမ – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

အိမ်ထောင်တစ်ခုမှာ အမျိုးသားတွေက အပြင်မှာ လွတ်လပ်ခွင့်ပိုရပြီး ဖောက်ပြန်တာ ဒါမှ မဟုတ် အခြား အရှုပ် အရှင်းကိစ္စတွေ ရှိရင်တောင် ဘာမှအရေးမကြီးသလိုမျိုး “အရှုပ်” ဆိုပြီး ပေါ့ပေါ့ပါးပါး သုံးနှုန်းတတ်ကြပါတယ်။ ဒါကိုလည်း ယောက်ျား အချင်းချင်း ဖုံးကွယ်ပေးထား တတ်ကြပါတယ်။

ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ မင်းစည်သူ ရေးစပ်သီဆိုထားတဲ့ “မိန်းမ” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ 

HIရဲ့ ကြည့်ရှုသူတွေရော ဒီသုံးသပ်ဆွေးနွေးချက်တွေအပေါ် ဘယ်လိုမြင်သလဲ? ကောမန့်မှာ မိမိရဲ့ အမြင်တွေကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်သွားနိုင်ပါတယ်။