ထိုင်းအစိုးရကျောင်းတက်ရောက်ခွင့်ရရှိဖို့ ကြိုးစားနေကြတဲ့ မြန်မာ မိခင်တွေရဲ့ အတွေ့အကြုံ

🚨 အများကြီးမမျှော်လင့်ပါဘူး။ သူတို့နိုင်ငံမှာနေပြီး ကျမရဲ့ကလေးလေးကို ပညာသင်ခွင့်ရရင်ကျေနပ်ပါပြီ။🚨

ဒီတပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ဘယ်နိုင်ငံသားကလေးငယ်မဆို  အိမ်ထောင်စုစာရင်း အထောက်အထား ရှိရှိ မရှိရှိ၊ ပညာသင်ကြားခွင့် ရရှိမယ်လို့ ထိုင်းအစိုးရက ဥပဒေအသစ်တရပ်ထုတ်ပြန်ထားပြီး၊ အခုကျောင်းဖွင့်ရာသီမှာ ထိုင်းအစိုးရကျောင်းတက်ရောက်ခွင့်ရရှိဖို့ ကြိုးစားနေကြတဲ့  မြန်မာ မိခင်တွေရဲ့ အတွေ့အကြုံတချို့” ကို မေးမြန်းတင်ဆက်ထားပါတယ်။