စစ်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရ

🚨 ပိုက်ဆံမရှိတဲ့အတွက် ဝယ်မစားနိုင်ဘူး၊ မွေးတော့ မွေးကြပေမယ့် အာဟာရချို့တဲ့နေကြတယ်ပေါ့၊ အဲဒီမှာ(ရခိုင်မှာ)ကျန်ခဲ့တဲ့ကလေးတွေအတွက်ကတော့ တော်တော်စိတ်မကောင်းဖြစ်တယ်၊ ကျန်းမာရေးရော၊ စားချင်တာမစားရတာမျိုးတွေ။ စားချင်ပေမယ့်၊ ရောင်းနေပေမယ့် ဝယ်စားဖို့ ပိုက်ဆံမရှိ၊ အလုပ်လုပ်ဖို့ အတွက်က အလုပ်မရှိ 🚨

ဒီတပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “စစ်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရအလုံအလောက် မရရှိတဲ့အတွက်  ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင်နဲ့ မိခင်ရဲ့ သုံးသပ်ချက် စကားသံများ”ကို နားဆင်ရမှာ ဖြစ်ပါတယ်။