ကြင်ဖော် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
“အိမ်ထောင်တခုမှာ အမျိုးသားတစ်ယောက်တည်းတဲ့လုပ်စာနဲ့လည်းမလုံလောက်လို့ အမျိုးသမီးရော အမျိုးသားရော အိမ်ရဲဝင်ငွေအတွက်အလုပ်ကြသူတွေများပါတယ်။”
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “ကြင်ဖော်” ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ဂျဲန်ဒါရှုထောင့်ကနေ Review လုပ်ပေးသွားမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာဆိုရင် ဟာသအငြိမ့်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ကြော်ငြာတွေ စတဲ့ ဖျော်ဖြေရေးကဏ္ဍတွေထဲက ဇာတ်ဝင်ခန်းတွေ၊ အသုံးအနှုန်းတွေ၊ အပြုအမူ အပြောအဆိုတွေကို ဂျန်ဒါရှုထောင့်ကနေ သုံးသပ် review လုပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။











