ရခိုင်တိုက်ပွဲ ခြောက်လတာကာလအတွင်း အမျိုးသမီး ၇၄ ဦးသေဆုံးခဲ့ပြီး ၂၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိ
ရခိုင်မှာ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲခြောက်လအတွင်း အမျိုးသမီး ၇၄ ဦး သေဆုံးခဲ့ပြီး ၂၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင်အမျိုူသားအဖွဲ့ချုပ်(ULA)ရဲ့ လူသားချင်းစာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရခိုင်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွါးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ထိ ခြောက်လတာအတွင်း သေဆုံး၊ဒဏ်ရာရရှိမှုတွေကို ထုတ်ပြန်ထားတာဖြစ်ပြီး အမျိုးသမီး ၇၉ ဦး ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးခဲ့သူတွေနှင့် ဒဏ်ရာရသူတွေထဲမှာ ရခိုင်အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက မွတ်ဆလင်တွေဖြစ် တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် စစ်ရှောင်သူဦးရေဟာ ၅၇၀,၀၀၀ ကျော်ရှိပြီး အဲ့ဒီအထဲမှာ အမျိုးသမီးဦးရေဟာ ၄၁၀,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါစစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေလိုအပ်နေပြီး မကြာခင်ကျ ရောက်တော့မယ့် မိုးရာသီအတွက် လုံခြုံတဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။
လက်ရှိမှာတော့ ရခိုင်တပြည်လုံးမှာ ခရီးသွားလာခွင့်တွေပိတ်ထားပြီး ကုန်စည်စီးဆင်းမှုတွေလည်းရပ်တန့်နေ သလို ယူအင်န်အပါအဝင် နိုင်ငံတကာအကူညီပေးရေးအဖွဲ့တွေရဲ့ အကူညီတွေဟာလည်း ရပ်ဆိုင်းနေပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025