Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒီဇင်ဘာ ၁၁ရက်နေ ၁၇ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစု စည်းဖော်ပြလိုက်ပါတယ်

  • အွန်လိုင်းပေါ် စက်သုံးဆီရောင်းတဲ့ အမျိုးသမီးတဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စက်သုံးဆီရောင်းပေးနေကြောင်း အွန်လိုင်းပေါ်ကနေ ပိုစ့်တင်ခဲ့တဲ့ အမျိုးသမီးတဦးကို စစ် ကောင်စီလုံခြုံရေးတွေက ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးပြီး အမှုဖွင့်အရေးယူလိုက်တယ်လို့ မြို့ခံတွေထံက သိရပါ တယ်။  

ဖမ်းဆီးခံရသူဟာ မော်လမြိုင်မြို့ ၊စစ်ကဲကုန်းရပ်ကွက် မှာနေထိုင်သူ အသက် ၃၈ နှစ်အရွယ် ဒေါ်အေးသဒ္ဒါလှိုင်ဖြစ်ပြီး လူမှု ကွန်ယက် Facebook စာမျက်နှာမှာ စက်သုံးဆီဝယ်ယူနိုင်ကြောင်း ပို့စ်တင်ပြီး နာရီအပိုင်းအတွင်းမှာ ဖမ်းဆီးခံလိုက်ရ တာပဲဖြစ်ပါတယ်။

ဒေါ်အေးသဒ္ဒါလှိုင်ကို လိုင်စင်မရှိဘဲ စက်သုံးဆီ ရောင်းချနေမှု၊ ကာလပေါက်ဈေးထက်ကျော်လွန်ပြီး ရောင်းချမှုနဲ့ နယ်မြေရဲ စခန်းမှာ ရေနဲ့နဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ-၃၇ အရ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

Source -Delta News Agency

  • ရခိုင်မြောက်ပိုင်းမှာ လက်နက်ကြီးထိမှန်တာကြောင့် မိန်းကလေးငယ်တစ်ဦးသေဆုံး

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒီဇင်ဘာ ၁၀ရက်နေ့ ညနေက မင်းပြားမြို့အခြေစိုက် ခြေမြန် တပ်ရင်း (ခမရ) ၃၈၀ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲတဲ့အတွက် မိန်းကလေးငယ်တစ်ဦးသေဆုံးပြီးမြို့ခံ၈ဦးဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူမှာ အသက် ၁၃ နှစ်အရွယ် မစံပယ်ဆိုသူဖြစ်ပြီး  ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ကာ ပွဲချင်းပြီး သေ ဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ မင်းပြားဆေးရုံကြီးသို့ ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

Source- Myanmar Now  

  • ခမောက်ကြီးမြို့မှာ လသားအရွယ်ကလေးငယ်နဲ့မိခင်အပါအဝင် ဒေသခံ ၆ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့မှာ လသားအရွယ် ကလေးငယ်နဲ့မိခင်အပါအဝင် ဒေသခံ ၆ ဦးကို စစ် ကောင်စီက  ဖမ်းဆီးသွားခဲ့ပြီး ၊လက်ရှိအချိန်အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။

ခမောက်ကြီးမြို့၊ ဖောသုတ်ကျေးရွာသင်္ချိုင်းအနီးမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင် စီတပ်က ဒေသခံတွေကို လိုက်လံဖမ်းဆီးခဲ့ရာ ည ၁၀ နာရီအချိန်မှာ ခမောက်ကြီးမြို့ အမှတ်(၄)ရပ်ကွက်က ဒေါ်အေးအေးမာ နဲ့ လသားအရွယ် ကလေးငယ်တို့ကို နေအိမ်မှာဝင်ရောက် ဖမ်းဆီးသွားခဲ့သလိုဒီဇင်ဘာ ၉ ရက်နေ့မှာလည်း ခမောက်ကြီးမြို့ အေးချမ်းသာကျေးရွာနေ ကိုစိုးလွင်၊ ကိုဝက်ကြီးအပါအဝင် ဒေသခံ ၄ ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဒေါ်အေးအေးမာက ဖောသုတ်တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာသဘောထား မှတ်ချက် ဝင်ရောက်ရေး သားတာ၊ ကျန်ဒေသခံ ၄ ဦးက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Source- သံလွင်တိုင်းမ်

  • ကလေးမြို့မှာ မိုင်းနင်းမိတာကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်းက မော်တော်ဆိုင်ကယ်မောင်းလာသူနှစ်ဦး မိုင်းနင်း မိခဲ့တာကြောင့် ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသားဒဏ်ရာရခဲ့ပြီး အနောက်ကနေလိုက်ပါလာတဲ့အမျိုးသမီး သေဆုံးခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ် ဒေါ်တင်ထွေးမော်ဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေကို ကားနဲ့ရွှေ့ပြောင်းပေး နေတဲ့ အမျိုးသားကိုစိတ်မချတာကြောင့် အခြားတစ်ဦးကို ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းပြီးအပြန် စက္ကန့်ရွာအနီးမှာ မိုင်းထိခဲ့တာလို့ သိရပါတယ်။

Source -RFA

  • ပုသိမ်မှာ တိမ်းရှောင်နေရတဲ့ ပရဟိတခေါင်းဆောင်ရဲ့ဇနီးကို စစ်ကောင်စီဖမ်းဆီး

စစ်ကောင်စီက ပုဒ်မ၅၀၅နဲ့ ဝရမ်းထုတ်ထားတာကြောင့်တိမ်းရှောင်နေရတဲ့ ပုသိမ်မြို့က ပရဟိတအသင်းခေါင်းဆောင်တဦး ရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ၉ရက်နေ့မှာအင်အား အလုံးအရင်းနဲ့နေအိမ်အတွင်း စီးနင်း ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်

ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် မြို့ပါတ်လမ်းနဲ့လှည်းစုလမ်းထောင့်မှာနေထိုင်တဲ့ ဦးဇော်သန့်ရဲ့ဇနီးဖြစ်သူ အသက် ၄၅ နှစ် ဝန်းကျင်ရှိ ဒေါ်သဥ္ဇာအောင် (ခ)မအငယ်မ နေအိမ်မှာရှိနေချိန်စစ်ကောင်စီ တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက စစ် ကားခြောက်စီးနဲ့ရောက်လာကာနေအိမ်အတွင်း နှစ်နာရီလောက် မွှေနောက်ရှာဖွေပြီး ဦးဇော်သန့်ကိုမတွေ့တဲ့နောက် ဇနီး ဖြစ် သူကို ဖမ်းဆီးခေါ်ဆောင်သွားသလို သူမရဲ့ လက်ကိုင်ဖုန်းကိုလည်း သိမ်းဆည်းသွားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေါ်သဥ္ဇာအောင်က ၁၂ နှစ် အရွယ်သားတစ်ဦး ၊၇နှစ်အရွယ် သမီးတစ်ဦးနဲ့အတူ ဆန်ခေါက်ဆွဲ ပြုလုပ်ရောင်းချ နေသူ ဖြစ်ပြီး လက်ရှိမှာကလေးနှစ်ဦးကိုဆွေမျိုးတွေ က စောင့်ရှောက်ထားတယ်လို့သိရပါတယ်

Source-Delta News Agency

  • အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှုနောက်ဆုံးနေ့ မဲဆောက်မြို့တွင်ကျင်းပ

နှစ်စဥ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံအသီးသီးမှာကျင်းပလေ့ရှိတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု နောက်ဆုံးနေ့ကို မဲဆောက်မြို့ရှိ လူငယ်နိုင်ငံရေး တက်ကြွလှုပ်ရှား သူများက The Space – Youth Learning Center မှာ ကျင်းပခဲ့ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုက ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တာကြောင့် မြန်မာနိုင်ငံစစ်ပွဲ များအတွင်း အမျိုးသမီးများရဲ့ဘဝဖြတ်သန်းမှု၊ တော်လှန်ရေးကာလအတွင်း အသက်ပေးလိုက်ရတဲ့ အမျိုးသမီးများ အ ကြောင်း ရိုက်ကူးထားတဲ့ဓာတ်ပုံ၊ ပန်းချီကားနဲ့ Our Mother of IDP Camp အမည်ရှိ Documentary ကိုလည်း ၁၆ ရက်တာလှုပ်ရှားမှုကာလအတွင်း ခင်းကျင်းပြသခဲ့ပါတယ် ။

Source-သံလွင်ခက်

  • ဖြူးတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိကျေးရွာတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့်  ဒေသခံကလေးငယ်တစ်ဦး ဒဏ်ရာရပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့  KNU ဗဟို​က ထုတ် ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တောင်ငူလေတပ်မှ ဂျက်တိုက်လေယာဉ်နဲ့တိုက်ခိုက်မှုကြောင့် ဗုံးသီးကျရောက်ပေါက်ကွဲပြီး ကိုင်းတဲစုရွာမှ အသက် ရှစ်နှစ်အရွယ် မဂျူဂျူးလှိုင် လက်တွင် ဒဏ်ရာရခဲ့ပြီး အသက် ၆၀ ကျော်အရွယ် ဒေါ်စန်းထွေးမှာ ဝမ်းဗိုက်ကိုထိမှန် သေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်။

Source- Mizzima

  • မတ္တရာမှာ လက်နက်ကြီးထိမှန်တာကြောင့် ကလေးငယ်အပါအဝင် အမျိုးသမီးသုံးဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာမှာ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် သဖန်းကိုင်းရွာက အသက် ရှစ်နှစ်အရွယ် မစုစုနွေး၊ အသက် ၁၇ နှစ်အရွယ် မနဒီလှိုင်းနဲ့ အသက် ၄၅ နှစ်အရွယ် မနွယ်တို့ သေဆုံးခဲ့ပြီး အသက်ခြောက်နှစ်အရွယ် မောင်ထက်ပြည့်စုံချစ်နဲ့ ၃၁ နှစ်အရွယ် ကို အေးမင်းသူတို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူ မောင်ထက်ပြည့်စုံချစ်နဲ့ သေဆုံးသူ မနွယ်တို့က သားအမိတွေဖြစ်တဲ့အပြင် လက်နက်ကြီးထိသူအားလုံးဟာ ဆွေမျိုးသားချင်းတွေ ဖြစ်တယ်သိရပါတယ်။  

Source- RFA

  • ရခိုင်မှာ စျေးလာဝယ်တဲ့အမျိုးသမီးတွေအပါအဝင် လူငါးဆယ်ကျော်ကို စစ်တပ် ဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သဗ္ဗာန်သမားတွေနဲ့ ခရီးသည်တွေ စုစုပေါင်း လူငါးဆယ်ကျော် စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ ဒေသခံတွေထံက သိရ ပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းကနေတဆင့် စက်လှေတွေနဲ့ နေရပ်ပြန်ကြ မယ့် ဆေးလာကုသူတွေ၊ စျေးလာဝယ်သူတွေ၊ ကျောင်းသားတွေကို မနေ့က ဒီဇင်ဘာ ၁၂ ရက်၊ နေ့လယ်ပိုင်းမှာ ဖမ်းဆီး၊ ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံထားရသူတွေအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ ကျန်းမာရေး မကောင်းသူ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Source -Delta News Agency

  • ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၂ဦး သေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း သံပုရာပင်ကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာ၅ရက်နေ့ညနေပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ရေခပ်နေတဲ့ အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် သုံးဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ  လေကြောင်းကနေပစ်ခတ်တာကြောင့်ကလေးမိခင်တွေဖြစ်ကြတဲ့ ဒေါ်ယုနန္ဒာ (၂၁နှစ်)နဲ့ မမေ သင်္ကြန် (၂၄ နှစ်)တို့ သေဆုံးခဲ့ပြီး လသားအရွယ်ကလေးတွေ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ 

Source- Mizzima

Author:

Related Articles