Home စာရွက်စာတမ်း (၃) လအတွင်း အမျိုးသမီးသတင်းအချုပ် ကောက်နှုတ်ချက်

(၃) လအတွင်း အမျိုးသမီးသတင်းအချုပ် ကောက်နှုတ်ချက်

(၃) လအတွင်း အမျိုးသမီးသတင်းအချုပ် ကောက်နှုတ်ချက်

(၂၀၁၈ ခုနှစ် ဇူလိုင်လ မှ စက်တင်ဘာလအထိ)

မြန်မာ့အမျိုးသမီးသမဂ္ဂ သတင်းနှင့်မှတ်တမ်းတင်ဌာနမှ ကောက်နှုတ်စုစည်းသည်

မြန်မာ့အမျိုးသမီးသမဂ္ဂအနေဖြင့် အမျိုးသမီးများ၏ အခြေအနေနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသမီးရေး လှုပ်ရှားမှုဖြစ်စဉ်များကို ရေးသားဖော်ပြသော သတင်းများကို ပြန်လည်ကောက်နှုတ်စုစည်း တင်ပြလိုက်ပါသည်။

(က)ပြစ်မှုကျူးလွန်မှုများ

ဇူလိုင်မှ စက်တင်ဘာလအတွင်းတွင် သက်ငယ်မုဒိမ်းမှု(၁၄)မှု ဖြစ်ပွားခဲ့ပြီး မသန်စွမ်းအမျိုးသမီးအားပြုကျင့် သည့်အမှု(၂)ခုဖြစ်ပွားခဲ့သည်။ ကရင်ပြည်နယ်တခုတည်းတွင်ပင် ၂၀၁၆ ခုနှစ်က သက်ငယ်မုဒိမ်းမှု ၁၁ မှု၊ ၂၀၁၇ တွင် ၁၇ မှု၊ ၂၀၁၈ သြဂုတ်လအထိ ၁၇ မှုထိ တက်လာခဲ့သည်။

အသက် ၁၈ နှစ်အောက် အိမ်အကူအဖြစ်ဝင်ရောက်လုပ်ကိုင်နေသော  မိန်းကလေးငယ်များနှင့် ဘုန်းတော်ကြီး ကျောင်းတွင် ပညာသင်ကြားသူမိန်းကလေးအား  ညှဉ်းပန်းနှိပ်စက်ခြင်း(၃)မှုဖြစ်ပွားခဲ့ပြီး ညှဉ်းပန်းနှိပ်စက် မှုများတွင် မီးပူဖြင့်ကပ်ခြင်း မစင်ကိုပါးစပ်တွင်းထည့်သွင်းခြင်း၊ အိမ်သာတွင် ပိတ်လှောင်ထားခြင်း၊ ဝါယာကြိုး ဖြင့် ရိုက်ခြင်းအထိ နှိပ်စက်မှုများဖြစ်ခဲ့သည်။

(ခ)အမျိုးသမီးနှင့် ၃၀ ရာခိုင်နှုန်း

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍရပ်များတွင် အမျိုးသမီးများပါဝင်မှု ၃၀ ရာခိုင်နှုန်းကို တတိယအကြိမ် ၂၁ ရာစု ပင်လုံ  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြို ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိခဲ့သည်။ ထို့အပြင်  NCA-S-EAO တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးတားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အမျိုးသမီးထု(၃၀) ရာခိုင်နှုန်းပါဝင်နိုင်ရေးကို ၎င်းတို့၏ တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ပြီး ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်မှုနှင့် ခေါင်းဆောင်မှု မြင့်မားရေးအတွက် ပထမဆုံးအလုပ်ရုံဆွေး နွေးပွဲကို စက်တင်ဘာလတွင် အမျိုးသမီးခေါင်းဆောင်များကိုဖိတ်ခေါ် ပြုလုပ်ခဲ့သည်။

(ဂ)အောက်ခြေအဆင့် အမျိုးသမီးများ၏ စွမ်းဆောင်မှု

လုံခြုံမှအားနည်းနေသည့်အတွက် ပညာသင်ကြားရေးတွင် စိုးရိမ်စိန်များရှိနေခဲ့သည့် မုံရွာတက္ကသိုလ်တွင် တက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂရွေးကောက်ပွဲတွင် မမေမီမီမိုးက ပထမဆုံးဥက္ကဖြစ်လာသည်။ YBS ယာဉ်လိုင်းများတွင် အမျိုးသမီးယာဉ်မောင်းများပိုမိုများပြားလာပြီး လက်ရှိတွင် အမျိုးသမီး ၈ ဥိး စတင် မောင်းနှင်နေပြီဖြစ်သည်။

(ဃ) နိုင်ငံတော်အဆင့် အမျိုးသမီးများ ဦးဆောင်မှုအပိုင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးနေရာတွင် ဒေါက်တာမြလေးစိန် ခန့် အပ်ခြင်းခံရပြီး၊

ရန်ကုန်တိုင်းဥပဒေချုပ်နေရာတွင် ဒေါ်ခင်မျိုးကြည်အား ခန့်အပ်ခဲ့သည်။

(င)ဥပဒေပိုင်းဆိုင်ရာ

မသန်စွမ်းသူ၊ ကလေးသူငယ်နှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများအတွက် တရားရေးပိုင်းဆိုင်ရာများ နှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ထောင်ဒဏ် အနှစ်(၂၀) သို့ မဟုတ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ရေးဆွဲထားသော ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွတ်တော်သို့ စက်တင်ဘာ ၇ ရက်နေ့တွင် တင်သွင်းခဲ့ပြီး အမျိုးသားလွတ်တော်တွင် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြ သည်။

(စ) စစ်ပိပက္ခဒေသများရှိ အမျိုးသမီးများ

ဇူလိုင်လအတွင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA နှင့် အစိုးရတပ်ဖွဲ့များ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် TNLA အမျိုးသမီးစစ်သည် ၆ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ယင်းဖြစ်စဉ်အပေါ် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများမရှိခဲ့သည် ကိုတွေ့ရသည်။ တဖန် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်နေထိုင်သူ နန်းမိုဟွမ် ဆိုသည့်အမျိုးသမီးအား  တပ်မတော်ကို သတင်းပေးခဲ့သည်ဟုဆိုကာ TNLA က  သြဂုတ်လ ၁၇ ရက်တွင် ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ယခုထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးပါ။

(ဆ) နိုင်ငံတော်အတိုင်ပင်ခံပုဂိ္ဂုလ်

ကနေဒါနိုင်ငံမှာ လူ့အခွင့်အရေး ပြတိုက်မှ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ဖယ်ရှားရန်၊ Scotland ရှိ ပန်းခြံတွင်းစိုက်ထူထားသော ကြေးသွန်းအမည်ပြားကို ဖြုတ်ချရန် ဆုံးဖြတ်ခဲ့သည်။

(ဇ)တက်ကြွလှုပ်ရှားသူ အမျိုးသမီးများ

ဒေသခံများကကန့်ကွက်နေသည့် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အတွင်းအကောင်အထည်ဖော်မည့် Alpha ဘိလပ်မြေစက်ရုံံစီမံကိန်း တည်ဆောက်နေမှုအနီး အမျိုးသမီးနှစ်ဦးကို လမ်းတံတားဥပဒေဖြင့် ဇူလိုင်လ အတွင်းက ဖမ်းဆီးတရားစွဲဆိုထားပြီး၊  ဦးဝိသူရကို ကြိမ်ဖန်များစွာစော်ကားရေးသားမှု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို စော်ကားရေးသားမှုကြောင့် ၂၀၁၇ ဒီဇင်ဘာကတည်းက ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသူ ပန်ဆယ်လို(ခ) ဒေါ်အိမ့်ပိုးဥ တို့မှာ ယခုထိ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။  ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေးကို ဝန်းရံထောက်ခံသည့် ဒေါ်စန်းစန်းဦး(ခေါ်) ဒေါ်လေးလေး အား ဆူပူ အောင်ဖန်တီးစေမှု ပုဒ်မ ၁၅၃ ဖြင့် ထောင်ဒဏ် ၆ လနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ၁ နှစ် ချမှတ်ခဲ့သည်။

၂၀၁၅ လက်ပံတန်းမြို့ အကြမ်းဖက်ဖြိုခွင်းအရေးယူခံခဲ့ရေသော ကျောင်းသား ̸သူများကို အမှုလိုက်ပေးခဲ့သည့် ရှေ့နေတဦးဖြစ်သူ ရှေ့နေ ဒေါ်ခင်ခင်ကျော်အား ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့်တရားစွဲဆိုခဲ့ပြီး စက်တင်ဘာ ၂၈ တွင် ထောင်ဒဏ်(၆)လ ချမှတ်ခဲ့သည်။

(ဈ) အဓမ္မပြုကျင့်မှုများအတွက် ပြစ်ဒဏ်များချမှတ်ခြင်း

မြောက်ဥက္ကလာပမြို့နယ်တွင်း ၂၀၁၆ ဒီဇင်ဘာက နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဆောင်မှုအတွင်း ဖြစ်ပွားခဲ့ သော ၅ နှစ်အရွယ် မိန်းကလေးငယ်အား ကျူးလွန်ခဲ့သည့် ကျူးလွန်သူအား ထောင်ဒဏ် ၁၀ နှစ်၊ ၂၀၁၇ က ဖြစ်ပွားခဲ့သော အသက်(၁၅)နှစ် ကိုခိုးယူပေါင်းသင်းမှုအတွက် ရန်ကုန်အရှေ့ ပိုင်းခရိုင် တရားရုံးတွင် ကျူးလွန် သူအမျိုးသားအား ထောင်ဒဏ် ၂၃ နှစ်နှင့် ကျိုင်းတုံ-လွိုင်မွေ ကားလမ်းဘေး တွင်ဖြစ်ပွားခဲ့သော တက္ကသိုလ် ဝင်တန်းကျောင်းသူ မိန်းကလေးကိုသတ်ဖြတ်ကာ အလောင်းမီးရှို့ ဖျောက်ဖျက်သည့် တရားခံနှစ်ဦးအား မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်ခဲ့သည်။

(ည) မူးယစ်ဆေးဝါးနှင့် ဓားစာခံအမျိုးသမီးများ

ဂန့်ဂေါမြို့တွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမသည် နေပြည်တော်တိုင်း(မ်)မီဒီယာအဖွဲ့ မှုခင်းနှင့် သတင်းစုံအဖွဲ့ချုပ်မှ ဝရိန်မိုးဆိုသူကို ကာမလိမ်လည်မှု ငွေကြေးလိမ်လည်မှုတို့ဖြင့် ဂန့်ဂေါမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခဲ့ပြီး အမှုရင်ဆိုင်ပြီး တဦးတည်းပြန်လာစဉ် စိတ်ကြွဆေးပြား ၁၈ ပြားဖြင့် ဖမ်းခံရသည့် ဖြစ်စဉ်သည် လုပ်ကြံခံရခြင်းဖြစ်ကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေး ဒေသတွင်း အုပ်ချုပ် ရေးမှူးများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။ ဖားကန့်တွင် အသက်(၃၀)ကျော်အရွယ် ကလေးမိခင် မခိုင်ဆိုသူကို ဘိန်းဖြူ ၀ ဒသမ ၀၅ ဂရမ်(ကာလတန်ဖိုး ၃၀၀၀၀ ကျပ်) ဖြင့် ဖမ်းဆီးခဲ့သည်ကို ဒေသခံများက တရားမျှတမှုမရှဗိဟုဆိုကာ ရဲစခန်းအား ပိတ်ဆို့တောင်းဆိုခဲ့သည်။

 

PDF ဖိုင်ရယူရန်

 

Download (PDF, 616KB)

Related Articles