Home သတင်း ဗေဒင်ဆရာအောင်ချစ်ပို ဗေဒင်ဆက်ဟောနေဆဲ

ဗေဒင်ဆရာအောင်ချစ်ပို ဗေဒင်ဆက်ဟောနေဆဲ

ဗေဒင်ဆရာ အောင်ချစ်ပို (ဓါတ်ပုံ – ဧရာဝတီ)

 

၂၃ ရက်၊ ဧပြီလ၊ ၂၀၁၈

HI – ရန်ကုန်။             ။

ဗေဒင်မေးသူ အမျိုးသမီးငယ်အချို့၏ ကာယိန္ဒြေပျက်စီးစေရန် လက်ရောက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံနေရသည့် ဗေဒင်ဆရာအောင်ချစ်ပိုသည် ဆက်လက်ဗေဒင်ဟောလျက်ရှိကြောင်း သိရသည်။

“ဗေဒင်ကတော့ အခုအိမ်မှာဟောနေတယ်။ ခုလက်ရှိကတော့။ ဘုရားမှာဟောဖို့ကျတော့ ကျွန်တော် ဒီကိစ္စ တွေပြီးသွားရင် ဂေါပကကို စာတင်ပြီးတော့မှ၊ ကျွန်တော် ဒီကိစ္စမပြီးသေးလို့ ပြန်မဖွင့်သေးတာ”

ဗေဒင်ဆရာအောင်ချစ်ပိုကို တက္ကသိုလ်ကျောင်းသူတဦးမှ ကာယိန္ဒြေပျက်စီးစေရန် လက်ရောက်ကျူးလွန်မှု စွဲ ချက်ဖြင့် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ပုဒ်မ (၃၅၄) (အမျိုးသမီးကာအိန္ဒြေပျက်စီးမှု) ဖြင့်လည်းကောင်း၊ သရုပ် ဆောင် ဒိန်းဒေါင်၏သမီး ဒိန်းပိုပိုဒေါင်တို့မှလည်း ပုဒ်မ ၃၅၄ (အမျိုးသမီးကာအိန္ဒြေပျက်စီးမှု)နှင့် ပုဒ်မ (၅၀၆) (ခြိမ်းခြောက်မှု)ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် စမ်းချောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။

ထိုအမှုရင်ဆိုင်နေရခြင်းကြောင့် ကိုးထပ်ကြီးဘုရားဝင်းရှိ ဟောခန်းကို ဂေါပကမှ ယာယီပိတ်ထားရန် ခေါ်ပြော ထားခြင်းသာရှိပြီး ထိုကဲ့သလို ဗေဒင်ဟောခွင့်ပိတ်ပင်ခြင်း၊ ခွင့်ပြုခြင်းတို့မှာ ရဲနှင့် မဆိုင်ကြောင်း စမ်းချောင်း မြို့မ ရဲစခန်းမှ ဒုရဲအုပ် ရန်မိုးအောင် ပြောပါသည်။

“ဗေဒင်ဟောခွင့်တို့ဘာတို့ ပြောရရင် ဥပဒေအရ ပိတ်တာမျိုးလည်း မရှိဘူး။ တခုတော့ရှိတယ်။ အရမ်းကြီး Hot ဖြစ်လွန်းတယ်ဆိုရင် သူတို့ထွေအုပ်ကနေပြီးတော့ တဦးချင်းတားတာမျိုးတွေရှိတယ်။ တားမြစ်မိန့်ထုတ်ပေး တာမျိုးတွေတော့ရှိတယ်။ ဒါပေမဲ့လည်း အဲဒါတွေက တော်ရုံတန်ရုံသုံးခဲပါတယ် ”

ထိုသို့ အမှုဖွင့်ခံရပြီးနောက်ပိုင်း ဗေဒင်ဆရာအောင်ချစ်ပိုမှလည်း တိုင်ကြားသူ တက္ကသိုလ်ကျောင်းသူအား အသရေဖျက်မှုဖြင့် ပြန်လည်အမှုဖွင့်ခဲ့သည်။ အမျိုးသမီးငယ်တု့ိ၏ တရားစွဲမှုကြောင့် စမ်းချောင်းမြို့မရဲစခန်းမှ ဗေဒင်ဆရာအောင်ချစ်ပိုအား ဖမ်းဆီးခဲ့သော်လည်း အာမခံဖြင့် ပြန်လွှတ်ထားပြီးနောက် သူ၏ နေအိမ်တွင်ပင် ဗေဒင်ဆက်လက်ဟောနေခြင်းဖြစ်သည်။

အမှုရင်ဆိုင်နေစဉ်ကာလအတွင်း ဗေဒင်ဆရာအောင်ချစ်ပို တက်စီမောင်းနေသည်ဆိုသည့် ကောလဟာလ တချို့ ထွက်ပေါ်ခဲ့ပြီး တက်စီစီးသူ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် အမျိုးသမီးအချို့ကြား စိုးရိမ်မှုများလည်း ရှိခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဗေဒင်ဆရာအောင်ချစ်ပိုမှ ငြင်းဆိုထားပါသည်။

“အဲဒီကိစ္စကြီးကတော့ ကောလဟာလဖြစ်နေတယ်။ ဘယ်ကနေပြောတာလဲမသိဘူး။ တက္ကစီမောင်းတယ်ဆို တာ ကျွန်တော့်ကို ဂုဏ်သိက္ခာကျဆင်းစေတာပေါ့။ ကျွန်တော့်အလုပ်နဲ့ တခြားစီပဲလေ”

တရားစွဲဆိုသူ အမျိုးသမီးများနှင့် ကျူးလွန်ခံရသူ အမျိုးသမီးအချို့မှ ပြီးခဲ့သည့် နိုင်ငံတကာ အမျိုးသမီးများ နေ့တွင် င်းတို့တင်ထားသည့် အမှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်အပြင် နိုင်ငံတော် အတိုင်ပင်ခံ၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စသည့် ဌာနများသို့လည်း တိုင်ကြားစာများ ပေးပို့ခဲ့သည်ဟု သိရသည်။ အမှုမှာ ယခုအချိန်ထိ စစ်ဆေးဆဲကာလသာ ရှိနေဆဲဖြစ်ပြီး တရားရုံးသို့ ယခုချိန်ထိ မတင်ရသေးကြောင်းလည်း သိရပါသည်။

Related Articles