Tag Archive for: ရခိုင်ပြည်နယ်

တိုက်ပွဲများကြောင့်ဘေးလွတ်ရာတိမ်းရှောင်ရင်း မောင်တောကရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရ

“ကျမတို့ အညာခံလိုက်ရတာပါ။ လှေစီစဉ်သူက ပြည်သူတွေကို ခုတုံးလုပ်သွားတာပါ။ လှေစီစဉ်သူက ARSA တပ်သားတွေထွက်လို့ရအောင် ပြည်သူတွေနှင့်ရောပြီး လုပ်လိုက်တာပါ။ သူတို့ပြောတဲ့ လှေအစီးငါးဆယ်လည်း မရောက်ပါဘူး။ ရောက်လာတဲ့လှေတစ်စီးကို လှေစီစဉ်သူနှင့် သူ့တပည့် ARSA တပ်သားတွေတက်လိုက်သွားကြပါတယ်။”

“ဘေးလွတ်ရာတိမ်းရှောင်ရင်းမောင်တောက ရိုဟင်ဂျာအမျိုးသမီးနှင့် ကလေးငယ်တွေ သေဆုံးမှုရှိနေ”

မြို့သိမ်းတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစလို့ လူနေရပ်ကွက်တွေမှာ လက်နက်ကြီး၊ ဒရော့ဗုံးတွေကျလို့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်တွေသေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေကြုံခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်၊ ကျိန္တလီမြို့က အမျိုးသမီး ၇ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့က အမျိုးသမီး ၇ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သားသမီးပညာရေး စိုးရိမ်ပူပန်နေကြရတဲ့ ရခိုင်ကမိခင်များ

မြန်မာနိုင်ငံမှာအဆင်းရဲဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ၊ စီးပွားရေးဆုံးရှုံးမှုတွေနှင့်အတူ ပညာရေးဆုံးရှုံးမှုတွေကိုပါ ဆက်ပြီးခံနေရတာကြောင့် သားသမီးပညာရေးကိုတော့ မဆုံးရှုံးချင်ဘူးလို့ ဒေါ်ညိုက ပြောပါတယ်။

အပူဒဏ်နှင့်အတူ ရေရှားပါးမှုဒဏ်ပါ  ကြုံတွေ့နေရတဲ့ ရခိုင်ဒေသခံများ

နှစ်စဉ် မိုးရာသီမှာ မိုးရေချိန်များစွာ ရွာသွန်းလေ့ရှိတဲ့ ရခိုင်ပြည်နယ်မှာ နွေရာသီရောက်ရင် ရေရှားပါးတာကို နှစ်စဉ် ကြုံတွေ့နေရပြီး အခုလို စစ်ဘေးရှောင်ဦးရေများလာတဲ့အချိန်မှာ ရေရှားပါးမှုကြုံနေရတာဟာ စစ်ရှောင် အမျိုး သမီးတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတခုဖြစ်နေတယ်လို့ လူမှုကူညီရေးလုပ်ငန်းလုပ်နေတဲ့ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ရခိုင်တိုက်ပွဲ လေးလကျော်အတွင်း အမျိုးသမီး ၆၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါးထိခိုက်ဒဏ်ရာရရှိ

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွါးခဲ့တဲ့ ရခိုင်တိုက်ပွဲလေးလကျော်ကာလအတွင်းမှာ အမျိုးသမီး ၆၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၉၈ ဦး) ၂၀၀ နီးပါးထိရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ဧပြီလ ၃ ရက် နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ရမှာ ကြောက်နေကြပြီဖြစ်တဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးများ

“လမ်းတွေပိတ်ထားတာကလည်း ကြာပြီ၊ အခုဆေးရုံပါ ပိတ်လိုက်တော့ ကလေးကို ဘယ်လိုမွေးရမလဲ မတွေးရဲ တော့ဘူး”

ရခိုင်ကအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ

“ကောင်မလေးက ငိုယိုပြီးတော့ပြောတယ်။ မလုပ်ပါနဲ့။ မလုပ်ပါနဲ့ဆိုပြီး။”လို့ မုဒိမ်းကျင့်ခါနီးအချိန်ဖြစ်စဉ်ကို တပ်သား ကိုကိုအောင်က ပြန်ပြောပြပါတယ်။