Tag Archive for: ရခိုင်ပြည်နယ်

အမျိုးသမီး ၁၁ ဦးကို မုဒိမ်းကျင့်ခဲ့သူကို  ထောင်ဒဏ်နှစ် ၄၀ ချ

ရခိုင်ပြည် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်သုံးခုက အမျိုးသမီးငယ် ၁၁ ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို အမှုလေးခုအတွက် ထောင်ဒဏ်နှစ် ၄၀ အမိန့်ချမှတ်ခဲ့ပြီး ၇မှုအအတွက်ထပ်မံအမိန့်ချရန် ကျန်သေးတယ်လို့ သတင်းရရှိပါတယ်။

မုဒိမ်းမှုတွေကို အမြန်စီရင်ပေးဖို့ AA စစ်ဦးစီးချုပ် ဇနီး ထပ်မံတောင်းဆို

ရခိုင်မှာ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ မုဒိမ်းမှုတွေနှင့် ပတ်သက်လို့ အမြန်ဆုံးစီရင်ပေးဖို့ AA စစ်ဦးစီးချုပ်ရဲ့ ဇနီးက သူ့ရဲ့ လူမှုကွန်ယက်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ကနေ ဒုတိယအကြိမ်ထပ်မံ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

တရားမျှတမှု ဆောင်းကြည်းပေးပါ

‎🔳 ရိုက်ကူး/တည်းဖြတ်…

“ခြေထောက်ကို ကြည့်တဲ့အချိန်တိုင်း ကျမစိတ်ပျက်မိတယ်”

ရခိုင်ပြည်အတွင်း မသန်စွမ်းအရေးကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ အခုအချိန်အထိ ကိုယ်လက်အင်္ဂါဆုံးရှုံးသွာသူ ၁၀၀၀နီးပါးရှိနေတာကို တွေ့ရပါတယ်။

ဓမ္မတာလာချိန် ရေစိုထဲမှာ အလုပ်လုပ်နေရတဲ့ ရခိုင်ပြည်က စစ်ရှောင်အမျိုးသမီးများ

ကျမက ငါးမွေးမြူရေးကန်မှာ အလုပ်လုပ်တာပါ။ ဓမ္မတာလာတဲ့အချိန်ဆို ဗိုက်ကအောင့်တယ်။ အလုပ်နားချင် တယ်။ ဒါပေမယ့် အဲဒီနေ့တွေ အလုပ်နားလိုက်ရင် ဝင်ငွေမရဘဲ မိသားစုစားဝတ်နေရေး ထိခိုက်တယ်။ အဲဒီတော့ မနားဘဲ လုပ်နေရတယ်

ရေရှားပါးမှုနှင့် အမျိုးသမီးတွေရဲ့ ဒုက္ခ

သန့်ရှင်းထွန်း မိုးရာသီမှာ…

ရခိုင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ကြောင့် မိခင်ရောကလေးပါ သေဆုံးရတဲ့ဖြစ်စဉ်တွေရှိနေ

“အစ္စလာမ်ဘာသာဝင် အများစုဟာ မထင်မှတ်ဘဲဖြစ်ဖြစ်၊ လိုချင်လို့ ဖြစ်ဖြစ် ကိုယ်ဝန်ရှိလာခဲ့ရင် အဲဒီကလေးကို အလ္လာဟ်ရှင်မြတ်က ကောင်းချီးပေးမွေးဖွားခိုင်းတာလို့ ယုံကြည်တာကြောင့် သားဆက်ခြားတာကို သိပ်မလုပ် ကြဘူး”

ရခိုင်စစ်ရှောင်ဦးရေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ထိ တိုက်ပွဲကာလတစ်နှစ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေဟာ ငါးသိန်းငါးသောင်းကျော်(၅၅၀,၀၀၀)ကျော်ရှိနေပြီး အဲဒီအထဲက သုံးသိန်းခြောက်သောင်းနီးပါး(၃၅၇,၀၀၀)ဟာ အမျိုးသမီးတွေဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။