Tag Archive for: Honest Information
ဂုဏ်သိက္ခာရှိတဲ့ တရားသူကြီးဖြစ်ချင်သူ မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြ
၂၀၂၁ခုနှစ်စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း CDM ပြုလုပ်ကြတဲ့အထဲ တရားရေးဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အချို့ကအလုပ်ပြန်ဝင်နေကြသလို အချို့ကတော့ စစ်ကောင်စီအလိုကျ မတရားတဲ့အမိန့် တွေချမှတ်နေဆဲပါပဲ။ ဒါကြောင့် CDM လုပ်ကြတဲ့ ဝန်ထမ်းအနည်းဆုံးဟာ တရားရေးဌာနလို့ ဆိုကြပါတယ်။
“ဘေးလွတ်ရာတိမ်းရှောင်ရင်းမောင်တောက ရိုဟင်ဂျာအမျိုးသမီးနှင့် ကလေးငယ်တွေ သေဆုံးမှုရှိနေ”
မြို့သိမ်းတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစလို့ လူနေရပ်ကွက်တွေမှာ လက်နက်ကြီး၊ ဒရော့ဗုံးတွေကျလို့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်တွေသေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေကြုံခဲ့ရပါတယ်။

အမျိုးသမီးတွေ မီးယပ်ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွင်စေချင်သူ ကိုခုပ်ဘွေ့
“အမျိုးသမီးတော်တော်များများက မီးယပ်ဝေဒနာ ခံစားရတဲ့ကြားကနေ အိမ်မှုကိစ္စတွေပါလုပ်ရတော့ ရုပ်ပိုင်းရောစိတ်ပိုင်းမှာပါ အများကြီးထိခိုက်တယ်။ အမျိုးသမီးတွေ ကျန်းမာပျော်ရွင်မှ မိသားစုကပျော်ရွင်မှာသူတို့ကို ကျန်းမာစေချင်တယ်။”

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများတရားမျှတမှုရသည့်အထိပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသမီးအဖွဲ့များတိုက်တွန်း
“ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအဆုံးသတ်ဖို့တိုက်နေတဲ့ တော်လှန်ရေးမှာ ခြေမမကောင်းရင်ခြေမ၊ လက်မ မကောင်းရင်လက်မ၊ ဘယ်လောက်ပဲကိုယ်နဲ့ရင်းနှီးသူဖြစ်ပါစေ အမှားကိုကျူးလွန်ရင်တာဝန်ခံရမယ်ဆိုတဲ့ အလေ့အထကိုအခုကတည်းကစတင်ဖို့လိုတယ်၊” လို့ သူကဆက်ပြောပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
သြဂုတ်လ (၁၂)ရက်မှ (၁၇)ရက်အတွင်းတစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှထူးခြားတဲ့ အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်၊ ကျိန္တလီမြို့က အမျိုးသမီး ၇ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရ
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့က အမျိုးသမီး ၇ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ချွင်တွန်းကာတွန်းဇာတ်ကောင်တွေကတစ်ဆင့် ဖိုဝါဒကြီးစိုးမှုတွေကို တွန်းလှန်နေသူ
ချွင်တွန်းကိုမြန်မာလိုလေးကွက်ကာတွန်းလို့ခေါ်ပြီး တခါတလေဇာတ်လမ်းကိုလိုက်ပြီးသုံးကွက်တို့ငါးကွက်တို့လည်းရှိတတ်ပါတယ်။အမျိုးသမီးလိင်အင်္ဂါတွေနဲ့ပတ်သက်တဲ့ အယူအဆအလွဲတွေ၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ် သက်တာ၊ မုဒိမ်းမှုနဲ့ပတ်သက်တာ၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေကိုနှိမ့်ချတာအမျိူးသမီးအတွင်းခံတွေ၊ ထဘီတွေကို ဘုန်းနိမ့်တယ်ဆိုတဲ့အယူအဆတွေစတဲ့မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာအမြစ်တွယ်နေတဲ့အတွေးအခေါ်အယူအဆတွေကိုတွန်းတိုက်ဖန်တီးရေးသားထားပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်တွေရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့တဲ့ အင်္ဂလိပ်စာဆရာမလေး
သူဟာစာသင်ပေးနေရင်း ကျောင်းသားတွေကို အင်္ဂလိပ်စာနဲ့ ရင်းနှီးစေဖို့ စာအုပ်တွေ ငှားပေးပြီး ဖတ်ခိုင်းတဲ့ အလေ့အကျင့်လုပ်ပေးတဲ့အတွက် ကလေးတွေက အခုဆိုရင်သူတို့ကိုယ်တိုင်စာအုပ်ကိုရွေးချယ်ဖတ်နိုင်ပြီဖြစ် ပါတယ်။ ဒါ့အပြင် ကလေးတွေ အင်္ဂလိပ်စာရေးဖတ်တာ ကျွမ်းကျင်စေဖို့ ရည်ရွယ်ပြီး စာအုပ်တစ်အုပ်ဖတ်ပြီးရင် review ပြန်ရေးခိုင်းတာလည်း လုပ်ဆောင်ပါတယ်။

နေရပ်ပြန်ချင်တဲ့အိမ်မက်နဲ့ ကော့ပဇားဒုက္ခသည်စခန်းမှာအမျိုးသမီးအရေးလှုပ်ရှားမှုပြုလုပ်နေသူ မချိုချိုခိုင်
လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားဒုက္ခသည်စခန်းမှာနေထိုင်တဲ့ မချိုချိုခိုင်က ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့မှာ နေထိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ကော့ပဇားဒုက္ခသည်စခန်းကို ထွက်ပြေးခဲ့ရသူ အမျိုးသမီးငယ်တစ်ဦးပါ။


