Tag Archive for: Honest Information

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ပဋိပက္ခနယ်မြေတွေမှာ အမျိုးသမီးများဓမ္မတာလာချိန် ရေနဲ့ တစ်ကိုယ်ရေအထောက်အကူပြုပစ္စည်းများ အတွက် ရုန်းကန်နေရ

ဓမ္မတာလာခြင်းက ကမ္ဘာတဝှမ်းရှိ သန်းနဲ့ ချီတဲ့ အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လစဉ် ရင်ဆိုင်ရတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ၊ စီးပွားရေးမတည်ငြိမ်မှု၊ အသိ ပညာနည်းပါးမှု၊ သန့်ရှင်းပြီး ကျန်းမာတဲ့လစဉ်သုံးပစ္စည်းများ လက်လှမ်းမမီမှု၊ ရှေးရိုးအယူအဆလွဲတွေကြောင့် ရာသီသွေးဆိုင်ရာ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။

အသိ၊ သတိနဲ့ စဉ်းစားဆုံးဖြတ်သင့်တဲ့ အလှအပအတွက် ခွဲစိတ်ပြုပြင်မှု

အလှအပအတွက် ခွဲစိပ်ရင်း လူသေဆုံးမှု၊ အလောင်းဖျောက်ဖျက်မှုဖြစ်ပေါ်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ လှုပ်လှုပ် ခတ်ခတ်ဖြစ်သွားပေမယ့် အဆိုပါအလှအပဆေးခန်းရဲ့ပိုင်ရှင်မှာ ထွက်ပြေးနေဆဲဖြစ်ပြီး တရားဥပဒေအရ ဆက်လက်လုပ် ဆောင်ထားမှု နောက်ဆက်တွဲအခြေအနေတွေကိုလည်း မသိရှိကြဘူးလို့ ဆိုပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဆိုးဆိုးဝါးဝါး လျှပ်စစ်မီးပျက်ခြင်း ကြုံတွေ့ခံစားနေရကြရတဲ့ ပြည်သူများရဲ့အသံ

မိနစ်ပိုင်းလောက်လာလိုက်၊ ပြတ်လိုက်နဲ့ ခန့်မှန်းမရအောင် ပြတ်ချင်တိုင်း ပြတ်နေတဲ့ လျှပ်စစ်မီးကြောင့် ပြည်သူတွေ ဘယ်လိုအခြေအနေတွေနဲ့ကြုံနေရလဲ၊ ဘယ်လိုဖြေရှင်းနေထိုင်နေကြလဲ ဆိုတာတွေကို HI က ဆက် သွယ်မေးမြန်းထားပါတယ်။

ကန့်ဘလူ ပလဖ ရဲ့ လိင်အကြမ်းဖက်မှုတွေ အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေတိုက်တွန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် က ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်ခန်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့ အစည်းတွေက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တောင်းဆိုလိုက်ပါတယ်။

Honest Review – Episode 2

ဒီတစ်ပတ်မှာတော့ လူရွှင်တော်အချင်းချင်း အပေးအယူနဲ့ ဟာသပျက်လုံးထုတ်ချိန်မှာ အမေတွေ၊ နှမတွေကို အဓိပါယ်နှစ်ခွဖြစ်စေတဲ့ လိင်သဘောဆန်တဲ့၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမြောက်တဲ့ အပြောအဆိုတွေကို မူဝါဒရေးရာ ဦးဆောင်အဖွဲ့ ဝင်(BWU) မဇူးဇူးမှ ကောက်နှုတ်သုံးသပ် ဖလှယ်ပေးသွားမှာ ဖြစ်ပါတယ်။

ကန့်ဘလူအချုပ်ခန်းက လိင်အကြမ်းဖက်မှု အရေးမယူနိုင်တဲ့အပေါ် အမျိုးသမီးအဖွဲ့များ ပြင်းထန်စွာရှုတ်ချ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ရဲ့အချုပ်စခန်း (၂) မှာဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုကို ၂ နှစ် ကျော်ကြာတဲ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အရေးမယူနိုင်ခဲ့တဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ လ ၃၁ ရက်နေ့က အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB နဲ့အတူ အမျိုးသမီးအဖွဲ့အစည်း (၇) ဖွဲ့ကထုတ် ပြန်ကြေညာ ခဲ့ပါတယ်။

မဲဆောက်ရောက် မြန်မာအမျိုးသမီးတွေ လုံခြုံရေးအကြောင်းပြ လိင်ပိုင်းဆိုင်ရာ ထိပါးအနိုင်ကျင့်ခံနေရ

“နောက်တခေါက် တော‌မောင်းဖမ်းမိတဲ့အခါ ကျမကိုဘာပြောလဲဆိုတော့ နင်မျက်နှာကသိသာတယ်။ နောက်တခါပြန်တွေ့ရင် မှတ်မိတယ်။ အဲဒီအခါကျရင် ငါတို့ကခေါ်ထားလိုက်မှာ  ဗမာပြည်ကိုလည်း ပြန်မလွှတ်ဘူး။ နင့်ကိုခေါ်ထားလိုက်မှာ အဲဒီလိုပုံစံမျိုးတွေ ပြောတယ်”

လျှပ်စစ်မီးဒုက္ခနဲ့  မြို့ပြကအမျိုးသမီးတွေဘဝ

"အရင်မီးပျက်တာက သိပ်မဆိုးဘူး။ ခုက ငါးမိနစ်လောက်လာ တစ်နာရီလောက်ပြတ်တယ် ပြီးရင် မီးကို ဖလပ်၊ ဖလပ်နဲ့ လာလိုက်ပြတ်လိုက်တွေလုပ်တော့ လက်ပ်တော့တွေ၊ အင်ဗာတာတွေဆို ခဏခဏပြင်ရတယ်"လို့ မစောမွန်က ပြောပါတယ်။