Home Tags Posts tagged with "#EndMilitaryCoup"
Tag:

#EndMilitaryCoup

  • မိခင်တွေဟာ လသားအရွယ် ကလေးငယ်တွေကို ချီပိုး၊ အရွယ်ငယ်ငယ်ကလေးငယ်တွေကို လက်ဆွဲပြီး ရာသီဥတုဒဏ် ကို အံတုကာ လမ်းလျှောက်ဆန္ဒပြဖို့ ကိစ္စဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအခက်အခဲတွေ မမှုဘဲ အာဏာရှင်စနစ်တွန်းလှန်မှုမှာ တစ်တပ်တစ်အား ပါဝင်လာကြတာပါ။
    မူလက ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် ဆွေးနွေးဖို့ မိခင်တွေစုပေါင်းထားတဲ့ အစုအဖွဲ့ကနေ စစ်အာဏာသိမ်းတဲ့ ဖြစ်စဉ်မှာတော့ တစ်ထောင့်တစ်နေရာက ပါဝင်ဖို့လိုအပ်တယ်လို့ ယူဆတဲ့အတွက် လမ်းပေါ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြ တယ်လို့ နိုင်င်ငံလုံးဆိုင်ရာမိခင်များသမဂ္ဂ အဖွဲ့ဝင်တွေကဆိုပါတယ်။
    မိခင်တွေအနေနဲ့ ရင်သွေးငယ်တွေကို စစ်ကျွန်ပညာရေး အမွေမပေးလိုတဲ့အတွက် ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂကို ရန်ကုန်၊မန္တလေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ မိခင်တွေစုပေါင်းပြီး ဖေဖော်ဝါရီလ (၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂအဖွဲ့ဝင်နှစ်ရာနီးပါး ရှိပြီဖြစ်ပါတယ်။