အာရက္ခမြေပြင်အမျိုးသမီးသတင်းထောက်နဲ့ အတူရပ်တည်ကြောင်း အမျိုးသမီးမီဒီယာအဖွဲ့အစည်းတချို့ ထုတ်ပြန်

ရခိုင်ပြည် မြေပြင်သတင်းထောက် မခင်သရဖီဦးနဲ့အတူ ရပ်တည်ပြီး ကျူးလွန်သူကို ဖော်ထုတ်ကာ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့အစည်းတချို့နဲ့ HI – Honest Information က  တောင်းဆိုချက်တရပ်ကို ဒီနေ့ မေ ၆ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

သံလွင်ခက်သတင်းဌာန၏ အမျိုးသမီးသတင်းထောက်အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ သဘောထားရပ်တည်ချက်

မိမိတို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အနေဖြင့် မြေပြင်သတင်းသမား မခင်သရဖီဦးတို့နှင့်အတူ ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ဖော်ကြေညာလိုသည်။

Media Statement: United Voices from Women’s Rights and LGBTQIA+ Rights Organizations on Dialogues for Gender, Women, Peace, and Security in Myanmar

In January and February 2025, focusing on issues related to Gender/Women, Peace, and Security (G/WPS) in Burma/Myanmar. Based on the outputs of these dialogue sessions, we put forward the following recommendations:

မီဒီယာထုတ်ပြန်ချက်- မြန်မာနိုင်ငံရှိ ဂျဲန်ဒါရေးရာ/ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများမှ အမျိုးသမီးအခွင့်အရေးနှင့် LGBTQIA+ အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စုစည်းညီညွတ်သောအသံများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ၃ ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့သည့် လူတွေ့ဆွေးနွေးပွဲများ၌ အဆိုပါအဖွဲ့အစည်းများမှ တက်ရောက်သူများသည် မြန်မာနိုင်ငံ၏ ဂျဲန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများ၊ ထိုးထွင်းသိမြင်မှုများကို တက်တက်ကြွကြွ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။