
အထက်ဆင်ပေါ့ကတ် ပဲ့ကိုင်ရှင် မငြိမ်းချမ်းမေနှင့်အင်တာဗျူး
တော်လှန်ရေးလုပ်နေတဲ့အချိန်အတွင်းမှာ ရန်သူကိုပဲတိုက် အခုအချိန်မှာအခွင့်အရေးတွေတန်းတူ ညီမျှရေးတွေအကြောင်းကို မပြောနဲ့နောက်မှပြောဆိုတဲ့ဟာနဲ့ပတ်သက်ပြီးပြောချင်တာ ကျွန်မတို့ကတော်လှန်ရေး တရပ်ကိုဆင်နွဲနေတာ၊ ဒီတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်က စနစ်ကိုပြောင်းဖို့ဖြစ်တယ်။ စနစ်ကိုပြောင်းဖို့ လို့ပြောရင်အဲ့ဒီစနစ်ဟာ တရားတဲ့စနစ်လား မတရားတဲ့စနစ်လားဆိုတာ ကိုယ့်ဘာသာကိုသိလို့ ဒီဟာကို စိတ်ထဲမှာသိလို့ ပြောင်းဖို့ကြိုးစားတာတော်လှန်တာ အဲ့ဒီတော်လှန်တဲ့အထဲမှာ မဟာဖိုဝါဒီနဲ့ခွဲခြားဆက်ဆံမှု အမျိုးသမီးဖြစ်မှု၊ အမျိုးသားဖြစ်မှု၊ LGBTQIA+ဖြစ်မှုအပေါ်မှာ မူတည်ပြီး ခွဲခြားဆက်ဆံမှုဆိုတဲ့အင်မတန်အိုဟောင်းနေတဲ့အတွေးအခေါ်လည်းပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သတင်းနှင့်ပြန်ကြားရေးဌာနမှ လွေးယေဦးနှင့်ဆက်သွယ်မေးမြန်းခြင်း
TNLAအနေနဲ့ စစ်ပွဲတွေမစတင်မီမှာ လူထုထိခိုက်မှုမရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားသလဲ။ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ၊ စစ်ရှောင်တွေနဲ့ပတ်သက်လို့ လုပ်ဆောင်ထားမှုအခြေအ နေတွေနဲ့ပတ်သတ်ပြီးတအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို HIကဆက်သွယ်မေးမြန်းထားပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM )နှင့်တွေ့ဆုံမေးမြန်းခြင်း
စစ်အာဏာသိမ်းပြီးတဲ့နောက်အလုပ်သမားတွေအခြေအနေနဲ့ပတ်သတ်ပြီးသွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ Solidarity of Trade Unions Myanmar -STUM မှအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒါရိုက်တာဒေါ်မျိုးမျိုးအေးနဲ့ HI ကတွေ့ဆုံမေးမြန်းထားပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်ထုတ်ပြန်ခြင်း
စစ်ဘက်ဆိုင်ရာကျင့်ဝတ်မြေပြင်မှာဖြစ်ပွားနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကို ဘယ်လောက်ထိလျော့ပါးသွားစေနိုင်မလဲစတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ အမျိုးသမီးနဲ့ Gender ဌာနရဲ့ဌာနမှူး ဒေါ်သန္တာကို HI(Honest Information) က ဆက်သွယ်မေးမြန်းထားပါတယ်။

ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-Gender Policy)အဖွဲ့ဝင် နန်းဆမ်ပေါင်း(အမည်လွှဲ)နှင့်အင်တာဗျူး
ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-Gender Policy)အဖွဲ့ဝင် နန်းဆမ်ပေါင်း(အမည်လွှဲ)နှင့်အင်တာဗျူး
ခင်ဘုန်းမို့ မေးမြန်းသည်။

ဂျဲန်ဒါအရေး ဒိုင်ယာလော့ စကားဝိုင်း – Gender Dialogue ( တတိယပိုင်း)
ဂျဲန်ဒါဒိုင်ယာလော့အစီအစဉ်ရဲ့ ကဏ္ဍတခုအဖြစ် အမေးအ ဖြေကဏ္ဍတွင် ဆရာမချောစုဟန်ရဲ့ ဆွေးနွေးချက်တွေကို နားထောင်ရမှာဖြစ်ပါတယ်

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၁) မဇူးပဒုမ္မာနှင့် အင်တာဗျူး
“ ကျမရဲ့နိုင်ငံရေးခံယူချက်ပေါ့။ ကျမက အမျိုးသမီးလူငယ်တစ်ယောက်ဖြစ်တယ်။ တပြိုင်နက်ထဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် စိတ်ဆန္ဒအပြည့်အဝရှိတယ်။ ပြီးတော့ ဒီလိုမျိုးအခင်းအကျင်းမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက တကယ်ကို အရေးကြီးတယ်။ တကယ်ကို လုပ်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်။ ကျမပါဝင်လာရင်းနဲ့ တွေ့လာခဲ့တယ်။ "

ဘုန်းကြီးသုံးပါးအပါ ပအိုဝ်းလူမျိုး ၃၀ခန့် အစုလိုက်အပြုံလိုက်သတ်ခံရမှုဖြစ်စဉ်အား ဒေသခံတစ်ဦးကိုမေးမြန်းချက်
“ အဖြေကရိုးရှင်းပါတယ်ရှင်။ စကစတွေက Telegramမှာ အရင်တင်ထားတာ ကြည့်ခြင်းအားဖြင့် အဖြေက ရှင်းနေပါပြီ။ ဒီနေရာမှာ ပြောချင်တာက စကစနဲ့PNOနဲ့ပေါင်းတာကို စကစကသတ်ပါ့မလား မေးခွန်းတွေပေါ့။ PNO တွေ ပါနေတာ ကိုယ့်လူမျိုးကိုပြန်သတ်ပါ့မလားဆိုပြီး တချို့လူတွေမေးခွန်းတွေရှိပါတယ်။ PNOကအဖွဲ့အစည်းတစ်ခုပဲ။ ပအိုဝ်းတစ်မျိုး သားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အရင်နှစ်ကပဲ ပအိုဝ်းလူငယ်ငါးဦးကို ပစ်သတ်လိုက်တာက သက်သေပါပဲ။”

“အမျိုးသမီးတွေမပါရင် ဒီတော်လှန်ရေးဟာ ဒီအထိခရီး မရောက်ခဲ့ပါဘူး”
“ အမျိုးသမီးတွေဟာခေါင်းဆောင်နိုင်တယ်။ ဦးဆောင်နိုင်တယ်။ အမျိုးသမီးတွေမပါရင် ဒီတော်လှန်ရေးဟာ ဒီအထိခရီး မရောက်ခဲ့ပါဘူး။ သူတို့တွေဟာ တော်လှန်ရေးသူရဲကောင်းတွေအဖြစ်နဲ့ ကျနော်အမြဲလေးစားဂုဏ်ယူလျှက်ပါပဲ ”
(ဒေါက်တာတေဇာဆန်း)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးရဲဘော်တွေရဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်စကားသံများ
“စစ်အာဏာမသိမ်းခင်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးမလိုလားတဲ့သူတွေ တိုင်းပြည်ငြိမ်းချမ်းရေး ကိုဖျက်စီးနေတဲ့သူတွေလို့ထင်ခဲ့ဖူးတယ်။ ကိုယ်တိုင်လည်း လွတ်မြောက်နယ်မြေရောက်တာ တစ်နှစ်နဲ့ခုနှစ်လရှိပါပြီ။ စစ်ပွဲတွေကိုယ့်ရှေ့မှာဖြစ်ပြီးပြည်သူတွေရော ရဲဘော်တွေရောထိခိုက်တယ်။ သူတို့အိုးအိမ်ပစ္စည်းတွေ မိသားစုတွေဆုံးရှုံး ရတော့ တိုက်ပွဲတွေမရှိဘဲ ငြိမ်းချမ်းရေးအမြန်ဆုံးရတဲ့ အချိန်ကိုရောက်ချင်တယ်။ စစ်ပွဲတွေကို ရွံလာပြီ။ စစ်ဖြစ်ပြီဆို ဆိုင်သူရောမဆိုင်သူရောနစ်နာကြရတယ်။ အဆိုးဆုံးကပြည်သူတွေပါပဲ။ " အားညီ (People Guard Force Local PDF-တာဝန်ခံ )