
ငလျင်အိပ်မက်ဆိုးထဲက အမျိုးသမီး သူရဲကောင်းများ
“ကားတွေ၊ အိမ်တွေ၊ ဓါတ်တိုင်တွေ၊ အားလုံးယိမ်းထိုးနေတာတောင် ဒီအမျိုးသမီးက သူ့ကလေးတွေ ကယ်ဖို့ပဲ လုပ်နေတယ် ဗျာ။ တကယ့်ကို အာဂမိခင်ပါ။ သူ့ကလေးတွေ မတွေ့မချင်း မရပ်မနားရှာတာ။ ကျနော်တို့ဆို ကြောက်ဒူးတုန်နေလို့ လမ်း လယ်ကနေ ဘယ်မှမသွားရဲဘူး

မိသားစုဝင်တွေ မျက်စိတမှိတ်အတွင်း ဆုံးရှုံးခဲ့ရတဲ့ မိတ္ထီလာမြို့ကအိစ္စလာမ်ဘာသာဝင်တွေ
“ဗလီတက်တဲ့သူတွေက အမျိုးသားတွေများတယ်။ အမျိုးသမီးတွေ တော်တော်များများက အိမ်မှာကျန်ခဲ့ပြီး အိမ်မှာ ပဲ ဝတ်ပြုကြတယ်။ ငလျင်လှုပ်တော့ ကျနော်တို့တက်နေတဲ့ ဗလီကအထိအခိုက်နည်းခဲ့ပြီး ဇနီးနဲ့ သမီး ကျန်ခဲ့တဲ့ အိမ်က ငလျင်ကြောင့်ပြိုကျပြီးတော့ ဆုံးသွားခဲ့တယ်။ တကယ်လို့ ဇနီးသည်နဲ့ သမီးလေးပါ ကျနော်တို့နဲ့အတူ ဗလီ ကိုပါလာခဲ့ရင် အသက်ဘေးက လွှတ်သွားမှာ”

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုတွန်းအားပေးနေတဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေ
မြန်မာရုပ်ရှင်တွေမှာ များသောအားဖြင့် လိင်ပိုင်းဆိုင်ရာပြက်လုံးတွေပါဝင်တာ၊ အမျိုးသမီးတွေကို နောက် ပြောင်တာ၊ ထိကပါးရိကပါးပြောတာ၊ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကိုလိင်ပိုင်းဆိုင်ရာထိပါးတဲ့ အကြည့်နဲ့ ကြည့်တာ စတဲ့ ပြကွက်တွေပါဝင်ပါတယ်။

တော်လှန်မိခင်များသို့ ဦးညွှတ်ခြင်းဖြင့်
ရှင်ငြိမ်း
“ပင်ပန်းလို့…

ငလျင်ဒဏ်သင့် မသန်စွမ်းအမျိုးသမီးတွေ ဘာတွေလိုအပ်နေသလဲ..
လစဉ်သုံးကပ်ခွာတွေ လဲဖို့တောင် လုံခြုံတဲ့နေရာရှိမနေဘူး။ လမ်းဘေးမှာအိပ်၊ လမ်း ဘေးမှာစား၊ ကြုံသလိုဖျာလေးခင်းပြီး နေရတဲ့အနေအထားဖြစ်တယ်။

ကျားနှင့်မ စံနှုန်းပုံစံခွက်ထဲက ရဲရဲခွဲထွက်သူ ကိုတိုးခန့်
ကျွန်တော်ဆိုလည်း အခုမီးဖိုချောင်အလုပ်တွေကို လုပ်နေတာ ကိုယ်ဝါသနာပါရာကို လုပ်နေတာပဲပေါ့။ ကျွန်တော့် အမျိုးသမီးဆိုလည်း မီးဖိုချောင်အလုပ်တွေ၊ အိမ်အလုပ်တွေ၊ သိပ်ဝါသနာမပါဘူးဆိုတော့ သူက တခြားအလုပ်၊ သူလုပ်ချင်တာ လုပ်နိုင်တယ်။ သူ့ရဲ့ဝါသနာအတိုင်း သူပိုလုပ်နိုင်တယ်။

အနုပညာဖန်တီးမှုကတစ်ဆင့် ဖိနှိပ်ခံအမျိုးသမီးနဲ့ LGBTတွေရဲ့ အသံတွေကိုဖော်ထုတ်နေသူ
Women Life in Conflict (ပဋိပက္ခများအတွင်းက အမျိုးသမီးများရဲ့ ဘဝ) လို့ခေါ်တဲ့ ဖန်တီးမှုတစ်ခုကို နိုင်ကျဉ်း အမျိုးသမီးတွေ၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) ကိုခံစားခဲ့ရတဲ့ အမျိုးသမီးတွေနဲ့အတူတူဖန်တီးခဲ့ပါတယ်။

ဘန်ကောက်ငလျင်ကြောင့် ပျောက်ဆုံးသေဆုံးသူများအရေး မိသားစုဝင်များ အခက်အခဲဖြစ်နေ
“ အဓိကတော့ တရားဝင်လာစေချင်တယ်။ သူတို့ DNA စစ်မယ်။ ပြီးတော့ ထိုင်းအစိုးရကလည်း သေဆုံးသွားသူတွေအတွက် နစ်နာကြေးကို လွှဲပြောင်းဖို့လည်း ရှိတော့ တရားဝင်လမ်းကြောင်းနဲ့လာတာ ပိုကောင်းပါတယ်။ ကျမ အခုကူညီနေတဲ့သူတွေ၊ ဘာသာပြန်ပေးရတဲ့သူတွေဆိုရင် ပတ်ပိုစ့်လုပ်ဖို့နဲ အပေါ်လမ်းနဲ့လာဖို့ ပြောထားပါတယ်”

“ကိုယ်က ပြည်သူ့စစ်မလုပ်ချင်လို့ ပြေးလာပါတယ်ဆိုမှ ဖမ်းမိရင်လည်း ထိုင်းက မြန်မာပြည်ကိုပြန်ပို့မယ် ပြီးတော့ စစ်တပ် ကိုအပ်တာဆိုတော့ဒါလည်းအပူတစ်ခုပဲ။ နောက် ထိုင်းအလုပ်ရှင်တွေ စိတ်ကြည်အောင်ပေါင်းရတယ်။ ကျမတို့ အရာရာ ကြောက်နေရတဲ့အချိန်”
ကျန်းမာရေးစောင့်ရှောက်မှုမရရှိနေတဲ့ ငလျင်သင့် ကိုယ်ဝန်ဆောင်မိခင်တွေ
“ကိုယ်ကအခက်အခဲကြားက ဆေးရုံရောက်အောင်မနည်းလာရတာ။ ဟိုရောက်တော့ လူနာတွေကြားထဲ ဆရာဝန်တွေကို မနည်းရှာရတယ်။ လူနာနဲ့ဆရာဝန်အင်အားက မမျှဘူး။ ဗိုက်နာနေတာလို့ပြောပြဖို့တောင် အချိန်မရခဲ့ဘူး”လို့ မိဌေးကဆိုပါတယ်။