ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ကင်းလွတ်ခွင့်ရနေ
အဓိကတော့ တော်လှန်ရေးကာလဆိုပြီး ဖုံးဖိထားကြတယ်။ တချို့ကတော့ အသံထွက်လာပေမယ့် အရေးယူ အပြစ်ပေးမှုတွေက မရှိဘူး။ ကင်းလွတ်နေကြတယ်။ ဒီလို နှုတ်ပိတ်နေမယ်ဆိုရင် နောက်ထပ် ပိုဆိုးတဲ့အခြေနေကို ရောက်အောင် တွန်းပို့ပေးတာနဲ့ တူတူပါပဲ။ တော်လှန်ရေးကာလဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အကြမ်းဖက်မှုက အကြမ်းဖက်မှုပါပဲ


