Entries by webmaster

ကျမယောကျ်ား ကျားကျား- ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ မြင့်မြတ်နဲ့အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ကျမယောကျ်ား ကျားကျား” ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ဂျဲန်ဒါရှုထောင့်ကနေ Review လုပ်ပေးသွားမှာဖြစ်ပါတယ်။  ———————- ဒီလို ထည့်သွင်း ရိုက်ကူးထားတာက ထိပါးနှောင့်ယှက်မှုကို ပုံမှန်ဖြစ်သဖွယ် ဟာသသဖွယ်ထည့်သွင်းရိုက်ကူးထားပြီး normalize လုပ်ထားခြင်းက ဒီလို အပြုအမှုတွေကို ထပ်ပြီး တည်မြဲနေအောင် ပံ့ပိုးပေးသလို ဖြစ်နေပါတယ်။ ———————- ဒီအစီအစဉ်ဟာဆိုရင် ဟာသအငြိမ့်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ကြော်ငြာတွေ စတဲ့ ဖျော်ဖြေရေးကဏ္ဍတွေထဲက ဇာတ်ဝင်ခန်းတွေ၊ အသုံးအနှုန်းတွေ၊ အပြုအမူ အပြောအဆိုတွေကို ဂျန်ဒါရှုထောင့်ကနေ သုံးသပ် review လုပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

စစ်ကောင်စီက လက်နက်အဖြစ်သုံးလာတဲ့ အုပ်စုဖွဲ့မုဒိန်းကျင့်မှု

“တော်လှန်ရေးအားကောင်းလာမှာစိုးတော့ ဒေသခံတွေကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်တယ်။ ကြောက်လာအောင် မိန်းကလေးတွေကို အုပ်စုဖွဲ့မုဒိန်းကျင့်ပြတယ်။ ကြောက်အောင်လည်း သတ်ပြတယ်။ သူတို့က သေနတ်နဲ့ဆို တော့ ပြည်သူတွေက ဘာပြန်လုပ်နိုင်မှာလဲ”

အိမ်တွင်းအကြမ်းဖက်မှုများရပ် – Stop Domestic Violence

စကားများတိုင်း သူလက်ပါလာပြီး တစ်ခါထပ်တစ်ခါ ပိုဆိုးလာတယ်… နောက်ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပြီး ကျမကို အကြိမ်ကြိမ်နာကျင်အောင် ထပ်လုပ်တယ်

အိုးဘိုထောင်မှာ CDM ကျောင်းဆရာမတစ်ဦး အချိန်မီ ဆေးကုသခွင့်မရလို့သေဆုံး

နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဟာ အချိန်မီ ဆေးဝါး ကုသခွင့်မရတာကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ မေလ ၇ ရက်မှာ ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ယနေ့ ဇွန် ၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၃ရက်အတွင်း အမျိုးသမီး ၈ ဦးသေဆုံး

ညီထွေး နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲမှုတိုက်ခိုက်မှုတွေ့ကြောင့် ဇွန်လ ၇ ရက် ဇွန်လ ၉ ရက်အထိ ၃ ရက်အတွင်း အမျိုးသမီး ၈ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့ရသူတွေဟာ စစ်ကိုင်းတိုင်း ၁ ဦး၊ မန္တလေး၂ ဦး၊ တနင်္သာရီ ၁ ဦး၊ ရခိုင်က ၃ ယောက်နဲ့ ကရင်ပြည်နယ်မှာ ၁ ယောက် စုစုပေါင်း ၈ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးသေဆုံးမှုတွေဟာလစဥ်မြင့်တက်နေပြီး လူသားဖြစ်တည်မှုကိုခြိမ်းခြောက်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကအတွင်းရေးမှူး ၂ မယာဥ်မျိုးလှိုင် ပြောဆိုထားတယ်။ တိုက်ပွဲနဲ့မဆိုင်ဘဲ အခုလို သေဆုံးကြရတာဟာ တရားမျှတမှုလုံးဝမရှိဘဲ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့ အမျိုးသမီး အရေးတက်ကြွလှုပ်ရှာသူတစ်ဦးကပြောကြပါတယ်။ စစ်ကောင်စီဟာအပစ်အခတ်ရပ်စဲ‌ရေးကြေငြာထားချိန်မှာပဲ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် […]

Article-33 နဲ့ မြန်မာနိုင်ငံကို အရေးယူမယ့်အပေါ် အလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့စကားသံ

ဒီတစ်ပတ်ပေါ့ကတ်စ်အစီအစဉ်မှာတော့ “အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO ရဲ့ပြဌာန်းချက်တွေကိုချိုးဖောက်တာကြောင့် Article-33 နဲ့ မြန်မာနိုင်ငံကို အရေးယူမယ့်ဆုံးဖြတ်ချက်အပေါ် အလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့စကားသံ” ကိုနားဆင်ရမှာပဲဖြစ်ပါတယ်။

တအာင်းပြည်ကောင်စီ TLC ဖွဲ့စည်း၊ထိပ်ပိုင်းဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးခေါင်းဆောင်လေးဦးပါဝင်

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC ကနေ တအာင်းပြည်ရဲ့ အမြင့်ဆုံးနိုင်ငံရေး အာဏာပိုင် အဖွဲ့အဖြစ် တအာင်းပြည်ကောင်စီ- TLC ကို ပြောင်းလဲဖွဲ့စည်းရာမှာ အမျိုးသမီးသုံးဦးပါဝင်နေကြောင်း TPCC ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာပြည်တွင်းက အမျိုးသမီးအလုပ်သမားတွေ မျှော်လင့်ချက်ကြီးမားနေတဲ့ ဓမ္မတာနားခွင့်

ဒီလို အလုပ်ခွင့်ရတာက အမျိုးသမီးတွေ ဓမ္မတာလာချိန်အတွင်းမှာ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာတွေကို အများကြီး ပြေလျော့သွားစေမယ်လို့လည်း ယုံကြည်တယ်။