Entries by webmaster

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန်လ ၂၉  ရက်ကနေ ဇူလိုင်လ ၄ ရက်အထိ တစ်ပတ်တာအတွင်း အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်

ရှင်းပြစည်းရုံးဖို့ လိုအပ်နေတဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီရဲ့ ဂျဲန်ဒါမူဘောင်

 “အမျိုးသားနဲ့ အမျိုးသမီးသာရှိတယ်ဆိုတဲ့ အယူအဆကို တမင်မရည်ရွယ်‌ပေမယ့် ပါဝင်ရေးသားကြတဲ့သူတွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုတဲ့အပေါ်မှာ လုံလောက်တဲ့ အသိပညာဗဟုသုတ ကန့်သတ်ချက်ရှိခဲ့တဲ့အတွက် (intentionally မရည်ရွယ်ဘဲ) အမျိုး သား၊ အမျိုးသမီးလို့ အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ပုံပေါက်တယ်လို့ ယူဆပါတယ်”

ကျောင်းသားကျောင်းသူအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေအပေါ် မိဘတွေရဲ့ စိုးရိမ်ပူပန်မှု စကားသံ

“ကလေးတိုင်းကတော့ မိဘတိုင်းအတွက်ရတနာပါ” ဒီတပတ် ပေါ့စ်ကတ်အစီအစဉ်မှာတော့ “ကျောင်းတွေမှာဖြစ်ပွါးမှုများလာတဲ့ ကျောင်းသားကျောင်းသူအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေအပေါ် မိဘတွေရဲ့ စိုးရိမ်ပူပန်မှု စကားသံ” ကို နားဆင်ရမှာပဲဖြစ်ပါတယ်။ လုံခြုံရေးအရ မူလအသံတွေကို ပြောင်းထားပါတယ်။

မုဒိမ်းပြုကျင့်ရန်ကြံစည်သူကို အာမခံနဲ့လွတ်ထားတဲ့ တရားသူကြီးစစ်ဆေးခံနေရ

အိမ်သာတက်နေတဲ့ အမျိုးသမီးရဲ့ လည်ပင်းကို ညှစ်ကာ မုဒိမ်းကျင့်ဖို့ အားထုတ်ခဲ့သလို အိမ်အနောက်ဘက်က ဘတ်ဟိုးဖြင့်တူးထားတဲ့ ကျင်းထဲမှာလည်း လည်းပင်းကိုညှစ်တာ၊  ရင်ဘတ်နှင့် နောက်ကျောကိုလက်သီးနဲ့ ထိုးပြီး ရေနစ်သတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဖြစ်စဉ်ကို သိထားသူတွေက ပြောပါတယ်။

ပြေးစရာ မြေမရှိ၊ ပေးစရာ ငွေမရှိသူများ

တောလမ်းကို ငါးရက်ငါးညလောက် ခြေလျင်သွားရတာကြောင့် ကံမကောင်းလို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ ဖမ်းမိသွားရင် စစ်ဆေးမေးမြန်းမှုမရှိဘဲ တခါတည်း AA တပ်ထဲကို သွင်းလိုက် သလို စစ်ကောင်စီဘက်က ဖမ်းမိသွားရင်လည်း စစ်ကောင်စီတပ်ထဲကို သွင်းကြတယ်။

ပလက်ဝတွင်  ၈လအတွင်း အမျိုးသမီး ၄ ဦး မုဒိန်းကျင့်ခံရပြီး ၂ ဦးအသတ်ခံရ

“တိုက်ပွဲကာလအတွင်းရော အခုတိုက်ပွဲမရှိတဲ့ အချိန်မှာပါ အမျိုးသမီးတွေရဲ့ လုံခြုံမှုက အာမခံချက် မရှိဘူးဖြစ်နေတယ်။ ပြစ်မှုကျူးလွန်သူကို သိရဲ့သားနဲ့ မဖမ်းဆီးနိုင်တာ၊ ထိုက်သင့်တဲ့ ပြစ်ဒဏ်မပေးနိုင်တာတွေက အမျိုးသမီးတွေ အိမ်ပြင်မထွက်ရဲအောင် လုပ်ထားသလိုဖြစ်နေတယ်”

ကချင်တကျော့ပြန်စစ် ၁၄ နှစ်ပြည့်အင်တာဗျူး – လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နန်ပူနှင့်တွေ့ဆုံမေးမြန်းခြင်း

မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေ တွေ့ကြုံနေရတဲ့အဓမ္မအိမ်ထောင်ပြုခိုင်းတာ၊ အိမ်တွင်းအကြမ်း ဖက်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ တရုတ်အလုပ်ရှင်တွေရဲ့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခံရမှုအခြေအနေတွေနဲ့ပတ် သက်ပြီး အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဆရာမ နန်ပူ(ကချင်)ကို HI က ဆက်သွယ်မေးမြန်း ထားပါတယ်။

လောင် – ဖျော်ဖြေရေးကဏ္ဍထဲကဂျဲန်ဒါ

ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “လောင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ဂျဲန်ဒါရှုထောင့်ကနေ Review လုပ်ပေးသွားမှာဖြစ်ပါတယ်။

ရခိုင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ ကလေးအသေမွေးဖွား

ညီထွေး လက်နက်ကိုင်ပဋိပက္ခ ဒဏ်ကိုခံနေကြရတဲ့ ရခိုင်က ကိုယ်ဝန် ဆောင် အမျိုးသမီးတချို့ဟာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းမရအကျိုးဆက်အဖြစ်  ကလေးအသေမွေးတာများလာပြားလာတယ်လို့ သိရပါတယ်။ ” ဒီဖက်မှာက ဆရာ/မ တွေမရှိတော့ လက်သည်တွေနဲ့မွေးရတယ်။ အဲဒီအခါမှာ မွေးဖွားလာတဲ့ ကလေးတွေက သေနေတာကိုတွေ့ရတယ်”ဟု ဘူးသီးတောင်မြို့နယ်က ဒေသခံ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။အရင်စစ်ရေးပဋိပက္ခ မဖြစ်ပွားမီအချိန်ကဆိုရင် ရခိုင်ပြည်အတွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကာကွယ်ဆေးတွေကို အခမဲ့ထိုးနိုင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲဒီအခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေမှာ သန္ဓေစလွယ်ချိန်မှ စပြီး မိခင်နဲ့ ကလေးကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းတွေမှာ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုခံယူပြီး ကိုယ်ဝန်ဆောင်ချိန် မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးရပါတယ်။ ဒီကနေ့အချိန်မှာတော့ စစ်ကောင်စီဟာ ဆေးရုံတွေ၊ လူသူထူထပ်တဲ့နေရာတွေကို လေကြောင်းကနေပစ်မှတ်ထား တိုက်ခိုက်လာတော့ ရခိုင်ရှိ ဆေးရုံတွေလည်း ပုံမှန်မလည်ပတ်နေ ဖြစ်နေပါတယ်။ […]