Entries by webmaster

စစ်အာဏာသိမ်းပြီး လူမှုဘဝပျက်ယွင်းမှုတွေအောက်က မွေးကင်းစကလေးစွန့်ပစ်မှု

ကလေးတိုင်းက မိဘတွေရဲ့ရတနာ၊ တိုင်းပြည်ရဲ့အနာဂတ်လို့ ဆိုကြပေမယ် ဒီအဆိုက အမှိုက်ပုံမှာ၊ နောက်ဖေးလမ်းကြားမှာ အသက်ဆုံးပါးသွားခဲ့ရတဲ့ ကလေးတွေအတွက်တော့ အကျုံးမဝင်ပါဘူး။

သတို့သားရှာတဲ့ ပင်လယ်ခရီးကြမ်းပေါ်က ရိုဟင်ဂျာ အမျိုးသမီး

“ဘာသာအရ၊ ဓလေ့အရ၊ ခွဲခြားမခံရရင်၊ အားလုံးနဲ့တန်းတူဆက်ဆံခံခဲ့ရရင် ကျမတို့အသက်တွေ၊ ဘဝတွေရင်းပြီး ယောကျာ်း ရှာဖို့လိုအပ်မှာ မဟုတ်ဘူး”

ကြင်ဖော် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ (၂)

ကျမတို့ရဲ့ လူ့အဖွဲ့အစည်းတွေမှာ မျိုးဆက်ပွားခြင်း (ကလေးမွေးခြင်း) က မိန်းမတစ် ယောက်ရဲ့ အကြီးဆုံးတာဝန်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားကြပြီး အိမ်ထောင်တစ်ခုမှာ မဖြစ် မနေ လုပ်ရမယ့်အရာလို့ ယူဆလက်ခံထားကြတာကို တွေ့ရပါတယ်။  ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “ကြင်ဖော်” ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ဂျဲန်ဒါရှုထောင့်ကနေ ဆက်လက်ပြီး သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

“တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း”

“တော်လှန်ရေးကိုအရင်လုပ်၊ ကျန်တဲ့ကိစ္စနောက်မှပြော” ဆိုတဲ့ တော်လှန်ရေးထိခိုက်မှာစိုးလို့ ပြောဆိုမှု တွေကလည်း ကျူးလွန်သူတွေကို အခွင့်အရေးပေးသလို ဖြစ်စေတာကို တွေ့ရပါတယ်။

မိဘတချို့ရဲ့ အမြင် – HI Podcast

ဒီတပတ်‌ပေ့ါကတ် အစီအစဉ်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွေးကင်းစ ကလေးစွန့်ပစ်မှုတွေများလာပါတယ်။ ဘယ်လိုအကြောင်းတရားတွေက ကလေးစွန့်ပစ်မှုတွေဖြစ်လာစေတာလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ တားဆီးကာကွယ်သင့်လဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မိဘတချို့ရဲ့ အမြင်တွေကို နားဆင်ရမှာပဲဖြစ်ပါတယ်။

 ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး

လူ့အခွင့်အရေးချိုးဖောက်မှုများကိုနည်းမျိုးစုံနဲ့ကျုးလွန်နေတဲစစ်ကောင်စီကြောင့် ဇွန်လအတွင်းမှာ ဆယ်ကျော်သက် ၄ဦးအပါအဝင် အမျိုးသမီး ၃၄ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU ကဇူလိုင်၁၀ရက်နေ့ကထုတ်ပြန်ပါတယ်။

တပြိုင်တည်း တိုက်ပွဲနှစ်ရပ် ဆင်နွဲနေရတဲ့ အမျိုးသမီးများ

တကယ်တော့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတော်လှန်ရေးသမားတွေဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်းနဲ့ ကိုယ်ရဲ့မွေးရာပါအခွင့်အရေးတွေအတွက်ပါ တိုက်ပွဲဆင်နေရလို့ တချိန်တည်းတပြိုင်တည်းမှာပဲ တိုက်ပွဲနှစ်ခု ဆင်နွဲနေကြရတယ်လို့ ဆိုနိုင်ပါတယ်။

ဒို့အတွေး ဒို့အမြင်

၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်နဲ့ ပတ်သက်လို့ “ရွေးကောက်ပွဲနဲ့အပြိုင် ဘာတွေလုပ်နိုင်မလဲ၊ နိုင်ငံရေးအရ ဘယ်လိုလမ်းကြောင်းတွေရှိသလဲ၊ ပြည်သူတွေကို ဘယ်လိုတင်ပြမလဲ “ ဆိုတာတွေကို စုစည်း တင်ဆက်လိုက်ရပါတယ်။ ”HI ”အနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာပါဝင်မှုနဲ့ အမျိုးသမီးတွေရဲ့အသံကို မြင့်တင်ရေးအတွက် ဒို့အတွေး ဒို့အမြင် စကားဝိုင်းအစီအစဥ်ကို လစဥ်တင်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။

ကြင်ဖော် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

“အိမ်ထောင်တခုမှာ အမျိုးသားတစ်ယောက်တည်းတဲ့လုပ်စာနဲ့လည်းမလုံလောက်လို့ အမျိုးသမီးရော အမျိုးသားရော အိမ်ရဲဝင်ငွေအတွက်အလုပ်ကြသူတွေများပါတယ်။” ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “ကြင်ဖော်” ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ဂျဲန်ဒါရှုထောင့်ကနေ Review လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာဆိုရင် ဟာသအငြိမ့်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ကြော်ငြာတွေ စတဲ့ ဖျော်ဖြေရေးကဏ္ဍတွေထဲက ဇာတ်ဝင်ခန်းတွေ၊ အသုံးအနှုန်းတွေ၊ အပြုအမူ အပြောအဆိုတွေကို ဂျန်ဒါရှုထောင့်ကနေ သုံးသပ် review လုပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။