အိမ်ထောင်ရေးရဲ့ သားကောင်မဟုတ်
ကျမအနှစ်သက်ဆုံး ကတော့ “မယ်ကား လယ်မြေ ၊ မောင်ကား မိုးကောင်းရေ” ဆိုတဲ့ ဥပမာပေးလေးပါပဲ။ ဇနီးမယားက တန်ဖိုးကြီး လှတဲ့ လယ်မြေဆိုရင် လင်ယောကျ်ားက အနှစ်အသားပါတဲ့ မိုးရေ ပါတဲ့.. ဒီနှစ်ခုရဲ့ ပေါင်းစည်းမှုနဲ့သာ လောကရဲ့ အသီးအပွင့်အနှစ်အမြုတေတွေ ထွန်းကားဝေဆာပြီး နှစ်တစ်ရာတိုင် ပျော်ရွှင်ကြရမှာပါတဲ့။


