Entries by Kaw Kaw

ဖရူဆိုမြို့နယ်မှ စစ်သင်တန်းကျောင်းနှင့် ဒေသခံ အမျိုးသမီးများ၏ဒုက္ခ

῝အရင်တုန်းကဆို တောင်ယာသွားရင် တယောက်ထဲသွားလည်းရတယ်။ အခုတော့ အဖော်တွေနဲ့အတူတူ သွားရတယ်။ တခါတလေဆို စစ်သားတွေက တောင်ယာထဲက ကျမတို့ကို ကြည့်သွားပြီး အဝတ်အစားတွေ ချွတ်ပြတယ်၊ အဖွဲ့လိုက်ရှိနေတာတောင် ဒီလိုလုပ်သွားတာဆိုတော့ တယောက်ထဲဆိုရင်တော့ တွေးကြည့် ရင် အရမ်းကြောက်တာပဲ῎

စိုင်းသီဟ (သို့မဟုတ်) ဇနီးသည်နိုင်ငံရေးလုပ်နိုင်ရန်အတွက် အောင်မြင်သော လုပ်ငန်းခွင်ကိုကျောခိုင်းခဲ့သူ

ခရီးသည်တင်အဝေးပြေးကားများ တစီးပြီးတစီးရပ်နားနေသည့် မြို့ကလေး၏ စားသောက်ဆိုင်တခုတွင် ခရီး သွားဧည့်သည်များက ဆိုင်လေးတခုထဲဝင်သွားပြီး အချို့က စားစရာများ မှာယူစားသောက်နေကာ တချို့ မှာတော့ ဒေသထွက်ကုန်များကို လက်ဆောင်ပစ္စည်းများအဖြစ် ဝယ်ယူနေကြသည်။

ငြိမ်းချမ်းရေးအတွက် တထောင့်တနေရာမှ ပါဝင်ဖြည့်ဆည်းချင်တဲ့ ကရင်နီအမျိုးသမီးခေါင်းဆောင် မမီးမီး

ကောကော်။ ။ ῝ပြည်သူတွေက တနှစ်ပတ်လုံး တောင်ယာတွေလုပ်ပြီး အဲဒီကထွက်တာနဲ့ တနေ့လုပ် တနေ့စား၊ ကလေး ကျောင်းစရိတ်လည်း ဒါကိုပဲအားထားပြီး ချွေတာသုံးကြရတယ်။ ပြည်တွင်းစစ်သာ မဖြစ်ခဲ့ဘူး၊ ငြိမ်းချမ်းရေး သာရှိခဲ့မယ်၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ပါဝင်ခဲ့ရမယ်ဆိုရင် ကရင်နီပြည် (ကယားပြည်နယ်) ဟာ အမှန် တကယ် တိုးတက်နေမယ်ဆိုတာ ကျမ မြင်ယောင်မိတယ်῎

ကရင်နီအမျိုးသမီးများ၏ မိရိုးဖလာ ရိုးရာ ခေါင်ရည်လုပ်ငန်း

  ကောကော်။       ။ ကယားပြည်နယ်၊ ဒီမောဆိုဈေးသည် တပတ်ကို (၃)ရက်ဖွင့်လှစ်ထားပြီး ကျေးရွာအသီးသီးမှ ရွာသူ ရွာသားများက ထိုဈေးကို အားထားပြီး ဒေသထွက်ကုန်အသီးအနှံများ လာရောက်ရောင်းချ လှဲလှယ် ကြသည်။ ဈေး၏ အပြင်ဘက်တန်းတွင် အမျိုးသမီးများ တန်းစီပြီး ဆီပုံးအဝါ (သို့မဟုတ်) စဉ့်အိုးများ ချထားကာ ထိုင်နေကြသည်။ မတ်ခွက်ထဲသို့ စဉ့်အိုးထဲမှ ခေါင်ရည်များကို လောင်းထည့်ကာ ဖြတ်လျှောက် လာသမျှ ဧည့်သည်များနှင့် ဈေးသူဈေးသားများကို အမြည်းသဘောဖြင့် တိုက်ကြသည်။ ဈေးဝယ်မည့်သူများက ရောင်းချနေသည့်ခေါင်ရည်သည်များ၏ ခေါင်ရည်များကို တဆိုင်ပြီးတဆိုင် အမြည်း သဘော သောက်သုံးကြပြီး သူတို့သဘောကျသည့်အရသာရှိသည့် ခေါင်ရည်ကို ရွေးဝယ်သွားတတ်ကြ သည်။ မတ်ခွက်တခွက်ကို ကျပ်ငွေ (၅၀၀) ရေသန့်တလီတာဗူးကို (၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကာ ခေါင်ကျရည်ကိုတော့ မတ်ခွက်ဖြင့် […]

ကျောင်းထဲက ကာယိန္ဒြေထိပါးအောင် နှောက်ယှက်မှုများကို မဖြေရှင်းခြင်းအားဖြင့် ပြဿနာအသစ်များကို မဖိတ်ခေါ်ပါနှင့်

ကောကော်။            ။ ရန်ကုန်တက္ကသိုလ်၊ အဓိပတိလမ်းမတွင် ကားတစီးနှစ်စီးသာ တွေ့ရပြီး လူရှင်းနေသည်။ တချို့အဆောက် အဦးများ ရှေ့တွင်တော့ ဘွဲ့ဝတ်စုံနှင့် လူငယ်များ၊ ကင်မရာသမားများနှင့် ဖြတ်သန်းသွားလာနေသော ကား အချို့ကိုတွေ့ရသည်။ ရန်ကုန်တက္ကသိုလ်ကဲ့သို့ အထင်ကရနေရာတခုလည်းဖြစ်၊ များသောအားဖြင့် လူသွားလူလာ များပြားနေ တတ်သောနေရာတွင် ကျောင်းသူများ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ဆောင်နေသူများ ရှိနေသည် ဟု တက္ကသိုလ်ကျောင်းသူများမှ ရင်ဖွင့်လာကြသည်။ နိုင်ငံရေးသိပ္ပံဘာသာ၊ ဒုတိယနှစ်ကျောင်းသူ မယွန်းအိကျော်မှာ ညနေဖက်အတန်းပြီးသည့်အချိန်တွင် အာစီ (RC) အာကစားရုံထဲတွင် ကရာတေးသင်တန်း သွားတက်နေသူဖြစ်သည်။ တရက်သင်တန်းပြီးချိန် အာစီ အနောက်ဖက်ချစ်သူလမ်းကြားမှတဆင့် သူမနေသော ရွှေဘိုဆောင်သို့ သူငယ်ချင်းတဦးနှင့်အတူ ပြန်လာခဲ့ သည်။ ချစ်သူလမ်းကြားမှ ဖြတ်လျှောက်လာချိန်တွင် အမျိုးသားနှစ်ဦးရှေ့သို့ အမှတ်မထင်ရောက်သွားပြီး ထိုသူ (၂)ဦးမှ သူမတို့၏နောက်တွင် အပြန်လမ်းတလျှောက်လုံး ထပ်ကြပ်မကွာလိုက်ပါလာကာ […]