စစ်ဇုန်ပြင်ပရှိ ကလေးသူငယ်များ၏ လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအကြောင်း ဆွေးနွေးထားသည့် Honest Information Podcast

စစ်ဇုန်ပြင်ပမှာလည်း မလုံခြုံတဲ့ ကလေးဘဝတွေ

ကျောင်းတွေ၊ ဘော်ဒါဆောင်တွေမှာ သင်ကြားပေးသူတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ ကျောင်းသားအချင်းချင်းကျူးလွန်တဲ့ ဖြစ်စဉ်တွေ ပိုမိုပေါ်ထွက်လာတဲ့အခါ မိဘတွေအတွက် စိတ်ချလက်ချထားဖို့ ပိုခက်ခဲလာနေပါတယ်။  

ဒါနဲ့ပတ်သက်ပြီး မကေက “တနေ့တခြား ဆိုးရွားဆုတ်ယုတ်လာတဲ့ လူမှုအဖွဲ့အစည်းမှာ ကြီးပြင်းလာရမယ့် ကလေးတွေ အတွက် အရမ်းကိုစိုးရိမ်မိတယ်” လို့ ပြောပါတယ်။ 

ဒီနေ့မှာ သောတရှင်တွေနားဆင်နိုင်ဖို့ ရွေးချယ်ထုတ်လွှင့်ပေးမယ့် ဆောင်းပါးတပုဒ်ကတော့  “ ၂၀၂၆ ၊  ဇွန်လ ၂၆ ရက်က ရေးသားဖော်ပြခဲ့ဖူးတဲ့ ပြင်ပဆောင်းပါးရှင် ယုဇနကိုကိုနဲ့ ဒေဝီတို့ရဲ့ “စစ်ဇုန်ပြင်ပမှာလည်း မလုံခြုံတဲ့ ကလေးဘဝတွေ” ဆိုတဲ့ ဆောင်းပါး တပုဒ်ပဲ ဖြစ်ပါတယ်။