သားမွေး ပေးရင် ပြန်လွှတ်မယ်

🔳 ဒီငရဲခန်းတွေကနေ အသက်လု လွတ်မြောက်လာကြသူတွေဟာ မိခင်မြေဆီ ပြန်ရောက်တဲ့အခါမှာလည်း ပတ်ဝန်းကျင်ရဲ့ “တရုတ်မယား”၊ “ရက်စက်တဲ့အမေ”၊ “မိန်းမမစစ်တော့ဘူး” ဆိုတဲ့ စာနာမှုမရှိဘဲ ကဲ့ရဲ့ပြစ်တင်မှုတွေနဲ့ “ဒုတိယစစ်မြေပြင်” လို ဘဝခရီးကို ရင်ဆိုင်ရင်း ခက်ခဲစွာ ရှေ့ဆက်နေကြရပြန်ပါတယ်။ 

ဒီလို လူကုန်ကူးခံရသူတွေဟာ ပြစ်မှုကျူးလွန်သူတွေမဟုတ်ဘဲ စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုတွေရဲ့ ဓါးစာခံ သားကောင်တွေဖြစ်တာကြောင့် ပတ်ဝန်းကျင်က နားလည်လက်ခံပေးဖို့ လိုအပ်တယ်။  

ဒီနေ့မှာ သောတရှင်တွေနားဆင်နိုင်ဖို့ ရွေးချယ်ထုတ်လွှင့်ပေးမယ့် ဆောင်းပါးတပုဒ်ကတော့  “ ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်က ရေးသားဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးရှင် ရှင်ငြိမ်းရဲ့ “သားမွေး ပေးရင် ပြန်လွှတ်မယ်” ဆိုတဲ့ ဆောင်းပါး တပုဒ်ပဲဖြစ်ပါတယ်။