သားနဲ့ခင်ပွန်းတွေစစ်မှုထမ်းပါသွားကြတဲ့အခါအမျိုးသမီးတွေဘယ်လိုကျန်နေခဲ့ရသလဲ
“ထောင်၃နှစ်ကျမယ်၊နောက်ပိုင်းမိသားစုတွေကိုဒုက္ခပေးမယ်ဆိုလို့လိုက်သွားရတာ……. သူတို့ကိုသူ့အဖေအလုပ်သွားလုပ်တယ်ဆိုတာပြောထားတာ “
အာဏာရှင်စနစ်ကိုအနယ်နယ်အရပ်ရပ်ကတွန်းလှန်တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးအင်အားစုတွေကိုရင်ဆိုင်ဖို့စစ်သားအင်အားလိုအပ်ချက်မြင့်မားနေတဲ့အာဏာသိမ်းစစ်တပ်ဟာမြန်မာနိုင်ငံတဝန်းတောရောမြို့ပါပေါ်တာဆွဲတာတွေ၊ စစ်မှုထမ်းဆင့်ခေါ်မဲနှိုက်ခိုင်းတာတွေကိုနေ့စဉ်နဲ့အမျှလုပ်နေကြပါတယ်။ဒါကြောင့်အရွယ်ရောက်ပြီးသားလူငယ်တွေရဲ့မိခင်တွေနဲ့သူတို့ရဲ့ဇနီးသည်၊ညီအစ်ကိုမောင်နှမတွေဟာစိတ်ပူပင်မှုတွေနဲ့သောကပွေနေကြရပါတယ်။
အခုဒီတပတ်မှာတော့သားတယောက်ကစစ်မှုထမ်းပါသွားပြီးကျန်သားတယောက်အတွက်သောကများနေရတဲ့မိခင်တဦး၊လင်ယောက်ျားကစစ်မှုထမ်းပါသွားလို့လူမမယ်ခလေး၂ယောက်နဲ့ရုန်းကန်ဒုက္ခရောက်နေတဲ့ဇနီးသည်တဦးရဲ့ရင်ဖွင့်သံတွေနဲ့မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI တာ၀န်ခံတို့ရဲ့သုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပါတယ်။











