တောင်းပန်ရုံနဲ့ မပြီးသင့်တဲ့ ကျောင်းတွင်းလိင်အကြမ်းဖက်မှုတွေ

🔳 ရိုက်ကူး   – ဝေလင်း

သတင်း/တည်းဖြတ် – ထက်ထက် 

ကလေးတွေကို ကာကွယ်ပေးရမယ့် ကျောင်းတွေထဲမှာပဲ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ဖြစ်ပွားလာတဲ့အခါ မိဘတွေအတွက် “ကိုယ့်ကလေးကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်နိုင်သလဲ” ဆိုတဲ့ မေးခွန်းက ပိုမိုကြီးထွားလာနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတချို့မှာ လတ်တလောနှစ်ပိုင်းအတွင်း ဆရာက ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ထွက်ပေါ်လာခဲ့ပြီး၊ ကျူးလွန်ခံရသူတွေရဲ့ စိတ်ဒဏ်ရာ၊ မိဘတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ ကျောင်းတွေဘက်က တာဝန်ယူမှုတွေကို ပြန်လည်မေးခွန်းထုတ်စေခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေဟာ မိန်းကလေးတွေအတွက်သာ မဟုတ်တော့ဘဲ ယောကျ်ားလေးကလေးတွေပါ လိင်ပိုင်းဆိုင်ရာအန္တရာယ်အောက်မှာ ရှိနေတယ်ဆိုတာကို ပိုမိုထင်ရှားစေပြီး၊ ရွှေ့ပြောင်းပညာရေးစနစ်အတွင်း ကလေးကာကွယ်ရေးယန္တရား ဘယ်လောက်ခိုင်မာသလဲဆိုတဲ့ မေးခွန်းကိုလည်း ဖော်ပြနေပါတယ်။

ဒီလို အခြေအနေတွေနဲ့ပတ်သက်ပြီး နယ်စပ်ရောက် ရွှေ့ပြောင်းမြန်မာမိဘတွေ၊ ရွှေ့ပြောင်းစာသင်ကျောင်းတွေကို အားကိုးနေရတဲ့ ကလေးငယ်တွေနဲ့ ရွှေ့ပြောင်းမြန်မာကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာတို့ရဲ့  သဘောထား၊ အမြင်နဲ့ ခံစားချက်တွေကို ဒီရုပ်သံမှာ နားဆင်ကြရမှာဖြစ်ပါတယ်။