စစ်အုပ်ချုပ်မှု အောက်မှာ တရားမဲ့ဖမ်းဆီး၊ နှိပ်စက်ခံနေရတဲ့အပေါ် LGBTIQ+ အရေးလုပ်ဆောင်နေသူတွေရဲ့အသံ
“စစ်ဘေးရှောင် IDP အဖြစ် တိမ်းရှောင်ရတဲ့ အခါမှာ စစ်ဘေးရှောင် LGBTIQA+ Community တွေအတွက်က သီးသန့်လုံခြုံတဲ့နေရာထိုင်ခင်းတွေ ကင်းမဲ့တာ၊ ခွဲခြားဆက်ဆံခံရခြင်းနဲ့ အကာအကွယ်မဲ့ခြင်းတွေ ကိုပိုမိုရင်ဆိုင်ရပါတယ်။”
နှစ်စဉ် ဇွန်လဟာ “လိင်စိတ်ခံယူမှုကွဲပြားသူ(LGBTIQ+) ရဲ့အထိမ်းအမှတ်လ Pride Month ဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ ဂုဏ်သိက္ခာ၊ စုံလင်ကွဲပြားမှု၊ ဖြစ်တည်မှုတွေကြောင့် ကြုံတွေ့ရတဲ့အခက်အခဲတွေအပေါ် ကြံ့ခိုင်စွာဖြတ်ကျော်နေမှုတွေကို အားပေးဂုဏ်ပြုကြတဲ့ လပဲဖြစ်ပါတယ်။
ဒီတပတ်ပေါ့ကတ်စ်အစီအစဉ်မှာတော့ “မြန်မာနိုင်ငံအတွင်းက လိင်စိတ်ခံယူမှုကွဲပြားသူတွေဟာ စစ်အုပ်ချုပ်မှု အောက်မှာ တရားမဲ့ဖမ်းဆီးခံရတာ၊ နှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာစော်ကားပြုကျင့်ခံရတာ၊ နေရပ်စွန့်ခွါရတာတွေနဲ့ အသက်အိုးအိမ် ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတဲ့အပေါ် LGBTIQ+ အရေးလုပ်ဆောင်နေသူတွေရဲ့ အမှတ်တရစကားသံ” တွေကို စုစည်းဖော်ပြလိုက်ပါတယ်။









