ဂျဲန်ဒါပုံစံခွက်ထဲပိတ်မိနေတဲ့ “တွဲဘော” ဇာတ်ကား

“အမျိုးသမီးချင်းသဘောကျနေနေ အချိန်တန်ရင် ယောင်္ကျားကို ပိုအားကိုးမှာပဲ၊ ဒီလိုအားကိုးတာကလည်း သဘာ၀ပဲဆိုပြီးပြောသွားတာကို တွေ့ရမှာပါ။  ဒီလို ဇာတ်အိမ်မျိုး တွေက အပြင်လူမှုပတ်ဝန်းကျင်မှာလဲ ခုလို အမျိုးသမီးချင်း သဘောကျတဲ့သူတွေကို အချိန်တန်ရင် ပြတ်မှာပဲ မိန်းကလေး ဖြစ်တဲ့အတွက် ယောက်ျားလေးကိုဘဲ အိမ်ထောင်ပြုသင့်တယ်ဆိုတဲ့ ဂျဲန်ဒါပုံစံခွက်တွေကို  အားပေးအားမြှောက်ပြုနေတာကို သတိပြုမိရပါမယ်။

” ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ သက်မွန်မြင့်၊ နေတိုးနဲ့ သင်ဇာ၀င့်ကျော်တို့ ပါ၀င် သရုပ်ဆောင်ထားတဲ့ “တွဲဘော”ဆိုတဲ့ ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။