မိစွာတေး – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

💢 အမျိုးသမီး တွေဟာ အိမ်ထောင်သည်အမျိုးသားတွေနဲ့ မသိလို့ဖြစ်စေ၊ သိရက်ဖြစ်စေ၊  မှားယွင်းမိကြရင် အတိတ်ကံကိုပဲ ပုံချလိုက်ကြပြီး အမျိုးသားတွေရဲ့အမှားကိုတော့ ဖုံးကွယ်ထားပေးသလိုဖြစ်နေပါတယ်။ ဒါတွေ က လူမှုပတ်၀န်းကျင်မှာ အမျိုးသားတွေကို ဒီလိုအမှားမျိုးတွေ အမြဲတမ်းကျူးလွန်အောင် အားပေးနေတယ်ဆို တာကို လူအများက သတိမထားမိတတ်ပါဘူး။ 💢

🟧 ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ လူမင်းနဲ့ ၀တ်မှုန်ရွှေရည်တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ “မိစွာတေး “ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေး ပေးသွားမှာပဲ ဖြစ်ပါတယ်။