ချိုချဥ်ငံစပ်ဇာတ်ကားကို Honest Information၏ တင်ဆက်သူမှ သုံးသပ်နေပုံ

ချိုချဥ်ငံစပ်

“အမျိုးသမီးတွေကို ပစ္စည်းတစ်ခုလို သဘောထားပြီး စီမံခြယ်လှယ်လို့ ရပါသလား?” မိန်းမတွေကို လူတစ်ယောက်လို မသတ်မှတ်ပဲ ပစ္စည်းတစ်ခုလို သဘောထားပြီး အရောင်းအဝယ်သဘောမျိုးနဲ့ လိုအပ်သလို စီမံခြယ်လှယ်နေတာ၊ အိမ်ထောင် ချပေးတာက အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကန့်သတ်လိုက်တာပဲဖြစ်ပါတယ်။

ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ ရွှေသမီး၊ ဂွမ်းပုံ၊ ခင်လှိုင်၊ ဒိန်းဒေါင်နဲ့ အခြားနာမည်ကြီးသရုပ်တွေ အများကြီးပါ၀င်တဲ့ ချိုချဥ်ငံစပ် ဇာတ်ကားလေးကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေး ပေးသွားမှာပဲ ဖြစ်ပါတယ်။