ဖောင်းပွလာတဲ့ဈေးနှုန်းတွေနဲ့ကျဉ်းကြပ်လာတဲ့မြန်မာ့လူနေမှုဘဝတွေ
“ကမ္ဘ့ာဘဏ်က ထုတ်ပြန်တယ်ဆိုတာ ကျမတို့ကတော့ ဘာအစီရင်ခံစာမှ ဖတ်စရာမလိုဘူး၊ နေ့တိုင်း ဈေးခြင်းတောင်းဆွဲပြီး ဈေးထဲသွားလိုက်တာနဲ့ အဲဒီဆင်းရဲမွဲတေမှုက ကျမတို့ အရေပြားထဲအထိ အောင့်ကနဲ သိနေရတာ”
ဒီတပတ် ပေါ့ကတ်အစီအစဉ်မှာတော့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်ပွမှု ၂၅ ရာခိုင်နှုန်းနီးပါးမြင့်တက်နေပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုအဆင့် တိုးတက်သွားတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။ ဆင်းရဲကြပ်တည်းမှုနဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ မြန်မာပြည်က ပြည်သူတချို့ရဲ့ အသံတွေကို ဒီတပတ်ပေါ့ကက်မှာ တင်ဆက်ထားပါတယ်။











