အလုပ်သမားအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အသိပညာပေး
လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချရမှုဟာ လူတိုင်းရဲ့ ရပိုင်ခွင့်ဖြစ်ပါတယ်။
အလုပ်သမားအမျိုးသမီးအများစုဟာ လုပ်ငန်းခွင်အတွင်း ပုံစံအမျိုးမျိုးနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment) တွေကို ကြုံတွေ့နေရတတ်ပြီး၊ တစ်ခါတရံ ဒါဟာ အကြမ်းဖက်မှုမြောက်မှန်း ကိုယ်တိုင် သတိမထားမိဘဲ ဖြတ်သန်းနေရတာမျိုးတွေ ရှိတတ်ပါတယ်။
ဒီ Quiz လေးဟာ လုပ်ငန်းခွင်အတွင်း ဘယ်လိုအပြုအမူတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု/နှောင့်ယှက်မှုမြောက်သလဲဆိုတာကို ခွဲခြားသိမြင်နိုင်ဖို့နဲ့ မိမိကိုယ်ကိုရော လုပ်ဖော်ကိုင်ဖက်တွေကိုပါ ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတဲ့ အသိပညာတွေကို ဆန်းစစ်ဖလှယ်နိုင်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။
ဒီ Quiz ရဲ့ အဖြေမှန်တွေက ဘာဖြစ်မလဲဆိုတာကို ဗီဒီယိုလေးကြည့်ရင်း တခါတည်း တိုက်စစ်ကြည့်လို့ရတာမို့ အဆုံးထိ ကြည့်လိုက်ကြပါစို့။”











