နယ်စပ်မျဉ်းအနားဆီက နိုင်ဝန်ထမ်းအဘွားအို 

နေရပ်မပြန်နိုင်သေးပဲ တိုင်းတပါးမှာ ရုန်းကန်ရှင်သန်နေကြရတဲ့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းလုပ်သား သိန်းပေါင်းများစွာရှိနေကြပါတယ်။ 

အဲဒီလို ရွှေ့ပြောင်းမြန်မာတွေထဲမှာ စက်ရုံအလုပ်ရုံတွေမှာ ခွန်အားအပြည့်နဲ့ အလုပ်တွေလုပ်ကိုင်နေကြတဲ့လူငယ်လူရွယ်တွေတင်မက အသက်အရွယ်ကြီးရင့်အိုမင်းလာပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတွေလည်း ရှိနေကြပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့က အသက် ၇၀ကျော်အရွယ် ရွှေ့ပြောင်းလုပ်သား အဘွားဒေါ်အေးမင်းဟာလည်း အဲဒီလို နေရပ်မပြန်နိုင်သေးတဲ့ သက်ကြီးရွယ်အိုတွေထဲမှာ တယောက်အပါဝင်ပါ။ 

သူဟာ  ထိုင်း-မြန်မာနယ်စပ်က ဆေးရုံကြီးတွေနဲ့ ကျောင်းသားဆေးခန်းမှာ ကျန်းမာရေးဝန်ဆောင်မှုလာယူကြတဲ့ မြန်မာနိုင်ငံသားလူနာတွေကို ဘာသာပြန်ပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို စေတနာ့ ဝန်ထမ်းအဖြစ် ဆယ်နှစ်ကျော်ကြာ လုပ်ကိုင်နေသူဖြစ်ပါတယ်။ 

ဒီရုပ်သံ ဗီဒီယိုထဲပါ အဘွားဒေါ်အေးမင်းအပါအဝင် ထိုင်း-မြန်မာနယ်စပ်ရောက် တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားတွေ၊ သက်ကြီးရွယ်အိုတွေ ဘယ်လိုရှင်သန်နေထိုင်နေကြရသလဲဆိုတာကို တင်ဆက်ထားပါတယ်။