“သဘာဝဘေးဒဏ်ကြားက မြန်မာအမျိုးသမီးများ”
©N&H
ဒီနေ့ဟာ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေအတွက် မမေ့နိုင်တဲ့ ဝမ်းနည်းပူဆွေးစရာ သမိုင်းဝင် နေ့တနေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁နှစ်တိတိ၊ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် လူပေါင်းထောင်ချီ အသက်ဆုံးရှုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ဘဝကို နာရီပိုင်းအတွင်း ပြောင်းလဲ ပစ်ခဲ့ပါတယ်။
ပြင်းအား ၇.၇ အဆင့်ရှိတဲ့ စစ်ကိုင်းဗဟိုပြုငလျင်ကြောင့် လူဦးရေ ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး၊ ဒီအထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၈.၈ သန်း ပါဝင်တယ်လို့ UN Women က ထုတ်ပြန်ထား ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ နယ်မြေတွေမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေ သတင်းရယူခွင့်နှင့် မှတ်တမ်းတင်ခွင့်တွေကို ကန့်သတ်ခဲ့ပါတယ်။
ဒီလို အကန့်အသတ်တွေကြားထဲမှာပဲ အထက်မြန်မာပြည်တခွင် သဘာဝဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ပုံရိပ်တွေနဲ့ ရုန်းကန်ဖြတ်သန်းမှုတွေကို မှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် တဦးရဲ့ ဓာတ်ပုံတွေကို စစ်ကိုင်းငလျင် တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် HI Honest Information က ဖော်ပြလိုက်ပါတယ်။
































