အလွှာပေါင်းစုံမှ အမျိုးသမီး/ LGBTQI+ များ လူငယ်များ ဖယ်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးမှာ ပါဝင်နေနိုင်တဲ့ အခြေအနေ တကယ်ရှိနေရဲ့လား?

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှုကို တားဆီးကာကွယ်ရန် ၁၆ရက်တာ လှုပ်ရှားမှုနှင့် ဂျဲန်ဒါ/အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား အနေဖြင့် နေရာဒေသမျိုးစုံ အလွှာပေါင်းစုံမှ အမျိုးသမီး/ LGBTQI+ များ လူငယ်များ ဖယ်ဒရယ်ဒီမိုကရေစနစ်တည်ဆောက်တဲ့အခါမှာ ပါဝင်နိုင်ရေး၊ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရမှုအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပပျောက်ရေး၊ Online ပေါ်မှ ကျူးလွန်ခံရသော လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရမှုများကို လျော့ချနိုင်ရန် နှင့် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် Feminist အတွေးအမြင် နှင့် လူငယ်များ ပါဝင်နိုင်ရန် ရည်ရွယ်ပြီး “ဂျဲန်ဒါတန်းတူညီမျှမှုမရှိလျှင် ငြိမ်းချမ်းရေးမရရှိနိုင်၊ Feminist မူဝါဒကို အခြေမခံလျှင် ဖယ်ဒရယ်ဒီမိုကရေစီ မတည်ဆောက်နိုင်” ဟူသော ခေါင်းစဉ်ဖြင့် အမြင် အမျိုးမျိုး ရှုထောင့် အစုံစုံဖြင့် ဆွေးနွေးပွဲကို တင်ဆက်လိုက်ပါသည်။

Author: