“ အရုပ်မဲ “
ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းမှု၊ အစားထိုးမရတော့တဲ့ အနာဂတ် အိပ်မက်တစ်ခု….. နေ့စဥ် ဘဝဇာတ်ခုံပေါ်က ရှောင်လွှဲမရတဲ့ ရုန်းကန်နေရမှုတွေကြား အာဏာရှင်တွေကတော့ “ အရာရာဟာ ပုံမှန်ပါပဲ ” တဲ့။
မြေပြင်မှာ လူတွေ သွေးတွေ မျက်ရည်တွေ ကျနေချိန် သူတို့ခေါင်းပေါ်မှာလည်း လေယာဥ်တွေ ဝဲနေတုန်းပါပဲ။ မဲပုံးနဲ့ ဗုံးကြဲခံရလို့ ချိုင့်သွားတဲ့ ချိုင့်ခွက်ဟာ ဘယ်လောက် အကွာအဝေး ရှိပါသလဲ။ မဲတစ်ပြားရဲ့ တန်ဖိုးက ပျောက်ဆုံးသွားတဲ့ အသက်တစ်ချောင်း၊ လူမစုံတော့တဲ့ ထမင်းဝိုင်း တစ်ခုရဲ့ တန်ဖိုးနဲ့ တူညီပါသလား။ ဒီပြဇာတ်ကနေ မေးခွန်းတွေ မေးချင်ပါတယ်။
ကြည့်ရှုခံစားပြီး ခံစားချက်တွေကို မျှဝေပေးပါ။
(ပြောက်ကျားမြက်)





