မယားကျွန် – ဖျော်ဖြေရေး ကဏ္ဍထဲက ဂျဲန်ဒါ
ဒီတစ်ပတ် ဖျော်ဖြေရေး ကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “မယားကျွန်” ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ ဇာတ်၀င်ခန်းတစ်ချို့ကို ဂျဲန်ဒါရှုထောင့်ကနေ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဖိုဝါဒကြီးစိုးတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အရ အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးကို အိမ်ထောင်ဘက်အမျိုးသားနဲ့ သူ့ရဲ့မိသားစုက ပိုင်ဆိုင်တယ်၊ ဒီလိုလုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အတွေးအခေါ်တွေက ကျမတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ အသားကျနေတာဖြစ်ပါ တယ်။ ဒါတွေက ဂျန်ဒါရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လုံးဝ မှားယွင်းနေတဲ့ အတွေးအခေါ်နဲ့ ကျင့်သုံးမှုတွေ ဖြစ်ပါတယ်။





