ဆယ်ကျော်သက်တယောက်၏ ငရဲခန်း

ရိုက်ကူး/တည်းဖြတ် – အောင်သူ //

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ လူငယ်လူရွယ် အများအပြား ပါဝင်လာခဲ့ပါတယ်။ အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတယောက်လည်း ပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် လူငယ်သင်တန်းကျောင်းတခုကို ပို့ခံခဲ့ရပါတယ်။

လူငယ်သင်တန်းကျောင်းမှာ ၃ နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ရတဲ့ အဲဒီမိန်းကလေးဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို ကြုံတွေ့ခဲ့ရပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ရတဲ့ အထိ ထိခိုက်ဒဏ်ရာတွေ ရခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ဒီရုပ်သံဆောင်းပါးမှာတော့ အာဏာရှင်စနစ်ကိုဆန့်ကျင်ရေးလှုပ်ရှားမှုမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေကို ရည်ရွယ်တဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ အနိုင်ကျင့်မှုတွေအကြောင်း ထုတ်ဖော်ပြောပြထားပါတယ်။

Author: